ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

တမူး-က​လေး အာရှလမ်းမကြီး​ပေါ်တွင်PDF များကစစ်ဆေးနေစဉ် ၆ ဘီးကုန်တင်ကားတစ်စီး​ပေါ်မှဘိန်းဖြူများတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမူးမြို့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း(၃)က သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို ကား၏​နောက်ပိုင်းတွင်ကုန်ပစ္စည်းများကြားသိုဝှက်သယ်ဆောင်လာခြင်းပြီး ပီနံအိတ်ဖြူ ၃ လုံး ဘိန်းဖြူ ဆပ်ပြာခွက် များစွာပါရှိပြီး အဆိုပါ ဘိန်းဖြူများကို အများပြည်သူရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း တမူးPDFကသတင်းထုတ်ပြန်ထားသည်။

ရုပ်သံ-တမူးPDF တပ်ရင်း ၃