ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်းမထီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်အစောပိုင်းက ပြည်သူ့တော်လှန်ရေး တပ်မတော် PRA နှင့် သခင်ဒေါင်းညို အဖွဲ့တို့မှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အင်းအား ၈၀ ကျော်ဟာ အလစ်ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် ၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပြည်သူကိုလက်ဆောင်ပေးအပ်တာဖြစ်တယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် PRA က ဗိုလ်ဂျပန်ကြီးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

#Ayeyarwaddy_Times