ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

ဧရာဝတီတိုင်းအတွင်းက မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက သီဟဇော်နဲ့ အမျိုးသမီးတစ်ယောက်ကို အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ စစ်ကောင်စီအသိုင်းဝိုင်းက သိရပါတယ်။

မြို့အဝင်အထွက်စစ်ဆေးရေးတွေမှာ ကားတွေပေါ်တက်ရှာဖွေတဲ့အခါ ဓါတ်ပုံနဲ့တိုက်ပြီး စစ်ဆေးလေ့ရှိပြီး ကားသမားတွေကိုလည်း အဲ့နာမည်ပါရင် မတင်ဖို့အတွက် မှာကြားထားတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ တွေက ပြောပါတယ်။

“ခုကဂိတ်တိုင်းမှာရှားနေတာ ဓါတ်ပုံနဲ့ရှာနေတာမျိုးတွေတော့ရှိတာဟုတ်တယ် နာမည်တော့ မသိဘူး အရေးကြီးရင် ကြီးသလို ရှာရတယ် များသောအားဖြင့်တော့ မတွေ့တာများတယ်” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံရဲတပ်ဖွဲ့က သူတို့အလိုရှိတဲ့သူဆိုရင် မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်တွေမှာ ကားပေါ်တက်ရှာလေ့ရှိတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့မစ်ရှင်တွေ နည်းလားပြီးနောက်ပိုင်း ပိတ်ဆို့ရှာဖွေတာတွေ ဧည့်စာရင်းစစ်တာတွေပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times