ကိုကိုမိုး/ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ဒီဇင်ဘာလ ၃၁ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အ​ခြေပြု ဒီးမော့ဆို Local PDFအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ သည့် ဆန်အိတ် ၂၀၀ ချဲလန့်မှ ရရှိလာသည့်ဆန်အိတ်များအား ရှေ့တန်းရောက်ရဲဘော်များအားပေး အပ်သွားမည်ဖြစ်ကြောင်း DMO Local PDF ထံမှသိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ၁၀ ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါချဲလန့်မှ ဆန်အိတ် ၂၀၀ သတ်မှတ်ထားသော်လည်း ဆန်အိတ်ပေါင်း ၂၂၈ အိတ်အထိ ၂၈ အိတ်အပိုရရှိခဲ့ပြီး ချဲလန့်အောင်မြင်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့က ရှေ့တန်းရဲဘော်တွေရဲ့စားနပ်ရိက္ခာဖြည့်တင်းဖို့အတွက်ပဲ ကမ်ပိန်းခေါ်ထားတာဖြစ်တဲ့အတွက်ရှေတန်းရဲဘော်တွေဆီပဲပို့ဆောင်သွားမှာဖြစ်ပါတယ်”ဟု DMO Local PDF မှ အဖွဲ့ဝင်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ချဲလန့်မှာ နိုဝင်ဘာလ အတွင်းက အောင်မြင်ခဲ့သော်လည်းမြေပြင်တွင်စားနပ်ရိက္ခာဝယ်ယူမှု၊ ပို့ ဆောင်မှုအခက်အခဲများကြောင့် မှာယူထားသောဆန်အိတ်များမှာဒီဇင်ဘာလအတွင်းမှသာ ရောက်ရှိလာခဲ့ ခြင်းဖြစ်ကာ ကူညီပါဝင်ပေးသည့် ပြည်သူများအားလည်းကျေးဇူးတင်ရှိကြောင်း DMO Local PDF က ပြောသည်။
#Ayeyarwaddy_Times