ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အတွင်းရှိ ကျေး ရွာ ၃ ရွာအား လှည့်ပတ်မီးရှို့နေသည့် စစ်ကောင်စီယာဥ်တန်းကို ယမန်နေ့ ဓီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက (palaw) KPDF မှဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ထံမှ သိရှိရသည်။
စစ်အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကား ၁၀ စီးပါယာတန်းသည် ပလမြို့မှ ပုလောဘက်သို့မောင်းနှင်လာပြီး တိုကျေးရွာ၊ တန်းရှင်းကျေးရွာနှင့် သင်္ကန်းတောကျေးရွာတို့ရှိ နေအိမ် ၃၂လုံးကိုဝင်ရောက်မီးရှို့နေစဥ်ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှပြောသည်။
“ကျေးရွာမှာရှိတဲ့ အိမ်တွေကို မီးပတ်ရှို့နေတဲ့ စစ်ယာဥ်တန်းကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာပါ။ ကျနော်တို့တင်ထားတဲ့ဗီဒီယိုဖိုင်မှာ မြင်ရတဲ့အတိုင်းကြောက်လန့်တကြား ထွက်ပြေးကြတာ။ ထိခိုက်သေဆုံးကိုတော့ မသိရသေးဘူး”ဟု (palaw) KPDF မှ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းစစ်ဆင်ရေးကို (palaw) KPDF အဖွဲ့နှင့် ပုလောမြို့နယ်အတွင်းရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#ပုလော #စစ်ကောင်စီတပ် #ဒရုန်းဗုံးနဲ့တိုက်ခိုက် #KPDF #Ayeyarwaddy_Times