ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်
စစ်ကောင်စီတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ခုနှစ်နှစ် ထပ်တိုးချမှတ်လိုက်တာကြောင့် ယခင်ပြစ်ဒဏ်နဲ့ပေါင်းပါက ထောင်ဒဏ် ၃၃ နှစ်အထိ ကျခံရတော့မှာဖြစ်ပြီး ယခုစီရင်ချက်ကို အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) က ရှုတ်ချလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဘာတွေဆက်လုပ်မလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားမလား ဒါမှမဟုတ် ပြည်ပသံတမန်တွေနဲ့ တွေ့ခွင့်ပေးမလား မေးစရာရှိ လာပါတယ်။ စစ်ကောင်စီက ဒီလိုဆုံးဖြတ်ချက်တွေကို အလျင်စလို ပြုလုပ်ဖွယ်မရှိပါဘူး လို့ ICG မှ ရစ်ချတ် ဟော်ဆီက ပြောပါတယ်။
ဉရောပသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ထပ်ချတာကို ရှုတ်ချခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက နိုင်ငံအရေးအရ အသုံးချတာလို့ ပြောပါတယ်။
ဒီစီရင်ချက်တွေက ဉပဒေဆိုင်ရာ လုပ်ငန်းစဉ်နဲ့မညီညွတ်ဘဲ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို နိုင်ငံရေးကနေ ပထုတ်ဖို့ကြိုးပမ်းတာဖြစ်ပါတယ် လို့ ဉရောပသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အမေရိကန်နိုင်ငံကလည်း စစ်ကောင်စီရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာကို ရှုတ်ချခဲ့ ပြီး လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စီရင် ချက်ချတာ တရားမျှတမှုနဲ့ တရားဉပဒေစိုးမိုးရေးကို စော်ကားမှုတစ်ခုဖြစ်ပါတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံက တရားရုံးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားမျှတမှု မရရှိခဲ့ ဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်က ပြောပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲချက်တင်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ ကာတင်းတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတစ်ဉီးဖြစ်သူ ဒေါ်ထွေးထွေးသိန်းက ပြောပါတယ်။
ကိုးကား – Aljazeera
Ref; Myanmar court finds Aung San Suu Kyi guilty, adds 7 years in jail