ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဒီဇင်ဘာလ ၃၁ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးသိန်းအား ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်နှင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ ကျားကွင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးစိုးသိန်း ကိုနေအိမ်၌ရှိနေစဉ် ဆိုင်ကယ်ဖြင့်အမည်မသိ သေနတ်သမား ၂ ဦးမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ပြီး ဦးစိုးသိန်း၏ ယာဘက်ပါး၊ ယာဘက်လက်ပြင်တွင် သေနတ်ဒဏ်ရာ ၄ ချက်ရရှိခဲ့ပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“သူပစ်သတ်ခံရတယ်ဆိုတဲ့သတင်းတော့ကြားတယ်။ကျွန်တော်တို့နဲ့သိတဲ့အဖွဲ့ထဲကတော့မဟုတ်ဘူး သူကလူမှုရေးအရှုပ်အရှင်းရှိတယ်လို့လဲကြားတယ်။ အဲ့တာကြောင့်ပစ်ခံရတယ်လို့ပြောကြတယ်၊၊ သူတို့ဘက်ကအချင်းချင်းပြန်ပစ်ကြတယ်လို့လည်းပြောတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဘီးလင်းမြို့နယ်အတွင်ရှိ အုပ်ချုပ်ရေးမှူးများမှာ မကြာခဏပစ်သတ်ခြင်းခံနေရပြီး ယခုအခါတွင် ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ဝန်းကျင်တွင် အုပ်ချုပ်ရေးမှူးတာဝန်ယူမည်သူများလည်း မရှိတော့ကြောင်းလည်း ဒေသခံတွေပြောပြချက်အရသိရသည်။