ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

အာဏာသိမ်း မြန်မာစစ်ကောင်စီဟာ ရှုတ်ချတဲ့စကားလုံးတွေနဲ့ မလုံလောက်ဘူးလို့ စစ်ကောင်စီတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောကြားခဲ့ပြီး အရေးယူဖို့ ကမ္ဘာ့ခေါင်း ဆောင်တွေကို တိုက်တွန်း လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀၀ ကို လွှတ်ပေးဖို့ တောင်းဆိုပြီး သီတင်းတစ်ပတ်အကြာမှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်အထိ ကျခံစေဖို့ အမိန့်ချမှတ်တာလို့ သောမတ်အန်ဒရူးက တွစ်တာလူမှုကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။

“စစ်ကောင်စီဟာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ရှုတ်ချတဲ့စကားလုံးတွေထက် ပိုလိုအပ်နေပါပြီ။ သူတို့ကို အရေးယူဖို့ လိုအပ်နေပါပြီ” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတရားရုံးက ရဟတ်ယာဉ်မှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်ရှိတယ်လို့ဆို ကာ ထောင်ဒဏ်ခုနှစ်နှစ် ထပ်တိုးချမှတ်ခဲ့တာကြောင့် ယခင်ပြစ်ဒဏ်နဲ့ပေါင်းပါက ထောင်ဒဏ် ၃၃ နှစ်အထိ ကျခံ ရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးအရ အသုံးချတာလို့ ရှေ့နေတွေက ပြောကြားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာ့ဒီမိုကရေစီ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိန်းသိမ်းခံခဲ့ရတာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သဘောထားကွဲလွဲခဲ့ ပေမယ့် ပထမဆုံးသော ဆုံးဖြတ်ချက်မူကြမ်းကိုတော့ ချမှတ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပေမယ့် အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ကြားနေမဲပေးခဲ့ပါ တယ်။

မြန်မာ့အရေး သမိုင်းဝင် ဆုံးဖြတ်ချက်က သွေးစွန်းမှုတွေအဆုံးသတ်ဖို့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် လုပ်ဆောင်စရာတွေ များစွာရှိသေးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ပြောပါတယ်။

ကိုးကား – ANI
Ref; World leaders need to act against Myanmar junta: UN Special Rapporteur on Suu Kyi’s verdict