ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်နှင့်အလ္လကပ္ပကြားတွင် စစ်ကောင်စီတပ်သားများတင်ဆောင်လာသောကားကို ဒေသခံ PDF တပ်များက ဒီဇင်ဘာလ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြင်းမူမြို့ အမှတ် ၁ အထက်တန်းကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများမှာ အင်အား ၂၀ ဝန်းကျင် ကားဖြင့် စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက်ခွာလာစဥ် ဝမ်းပြည့်နှင့်အလ္လကပ္ပကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Peoples knight Defense Force Myinmu – မြင်းမူတပ်ဖွဲ့ဝင်များက ပြောသည်။

“သူတို့ဘက်က စစ်သား ၄ ယောက်သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ မြင်းမူဆေးရုံကြီးမှာ ဆေးကုနေရတယ်လို့ သိရပါတယ်။သူတို့ဘက်ကလည်း ကားပေါ်ကဆင်းပြီး လက်နက်ကြီး လက်နယ်တွေနဲ့ ပြန်ပီးပစ်ခတ်တာမျိုးတွေရှိပါတယ်။ ရဲဘော်တွေဘက်က အထိအခိုက်တော့ မရှိပါဘူး”ဟု PKDF – မြင်းမူတပ်ဖွဲ့မှ ဗိုလ်အေးချမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်းသည် People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ PAFD၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU စသည့် မဟာမိတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြင်းမူ PDF ကပြောသည်။

#Ayeyarwaddy_Times #

See less