ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေး ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ် ကြောင်းအား သိမ်ကုန်းရေတံခွန်လမ်းဝတွင် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ဆယ်မိနစ်အကြာတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံး ၃ ဦးဒဏ်ရာရပြီး PDF ရဲဘော်များထိခိုက်မှုမရှိကြောင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုအား သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့-TYC၊ ပုတီးတစ်လုံးပျောက်ကျားတပ်ဖွဲ့နှင့်အဖြူရောင်ရိန်းဂျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။