ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဆန်ခါကျေးရွာ RC ရိုမင်ကက်သလစ်ဘုရားကျောင်းဝင်းထဲက မူကြိုကျောင်းအနီးနဲ့ လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တွေ အပါဝင် ဒေသခံပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” အိမ်ထဲ ကျရောက်ပေါက်ကွဲချိန်မလှဟန်ထိတာ၊ဘုရားကျောင်းထဲက မူကြိုမှာက ကလေး ၂ ဦးနဲ့ လူကြီး ၄ ဦးထိတာ ဒဏ်ရာတွေကပြင်းထန်တယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူအားလုံးက စိတ်ပူရတဲ့အခြေအနေရှိပြီး အဲ့အထဲမှာ အသက် ၅ နစ်အရွယ်တစ်ဦး ၁၃ နှစ်အရွယ်တစ်ဦးလည်းပါဝင်နေတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲ ရမ်းသမ်းပစ်ခတ်မှုကိုတော့ မဇွပ်ယန် အချုပ်ထောင်နားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ နေ့လည် ၂ နာရီ ၂၀ လောက်မှာ ရွာတွေဘက်ကိုပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာထဲကို ၂ လုံးကျပြီး ရွာစပ်ကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

#ဖားကန့် #လက်နက်ကြီး #ဒဏ်ရာရ
#Ayeyarwaddy_Times