ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်
ပြီးခဲ့တဲ့အပတ်က အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်စစ်လေယာဉ်တစ်စင်းက အမေရိ ကန်လေယာဉ်တစ်စင်းအနီး ဆယ်ပေအကွာအထိ ကပ်လျပ်ပျံသန်းခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြား လိုက်ပါတယ်။
တရုတ်စစ်လေယာဉ်တွေ အန္တရာယ်ရှိတဲ့ အပြုအမူတွေ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ ပြီးခဲ့တဲ့လအ တွင်း အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် အခုဖြစ်စဉ် ဖြစ်ခဲ့တာပါ။
ဒီဇင်ဘာလ ၂၁ ရက်က တရုတ်ရေတပ်မှ J-11 ဂျက်တိုက်လေယာဉ်တစ်စင်းက အမေရိကန်လေတပ်ရဲ့ RC-135 လေယာဉ်အနီး ဆယ်ပေအကွာထိ ကပ်လျက်ပျံသန်းခဲ့တာလို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောကြားခဲ့တာပါ။
“အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအားလုံးက အပြည်ပြည်ဆိုင်ရာ ဉပဒေနဲ့အညီ နိုင်ငံတကာလေပိုင်နက်ကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုမယ်လို့ မျှော်လင့်ပါတယ်” လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
တရုတ်ဂျက်တိုက်လေယာဉ်က အမေရိကန်လေယာဉ်တစ်စင်းနဲ့ ဆယ်ပေအကွာထိ ကပ်ပျံသန်းခဲ့တာ ကြောင့် အမေရိကန်လေယာဉ်က ထိပ်တိုက်မတွေ့အောင် ရှောင်လွှဲခဲ့ရတယ်လို့ အမေရိကန်စစ်တပ်မှ ပြောရေးဆို ခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နိုင်ငံက စစ်သင်္ဘောတွေ၊ လေယာဉ်တွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်ခြင်းမရှိဘူးလို့ တရုတ်နိုင်ငံက ပြောကြားခဲ့ဖူးပါတယ်။
အမေရိကန်စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေက တောင်တရုတ်ပင်လယ်မှတစ်ဆင့် ပုံမှန်ဆိုသလို ကင်း လှည့်စောင့်ကြပ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်စစ်လေယာဉ်တွေရဲ့ အန္တရာယ်ရှိသော အ ပြုအမူတွေနဲ့ပတ်သက်လို့ နိုဝင်ဘာလအတွင်း တရုတ် ကာကွယ်ရေးဝန်ကြီးနဲ့တွေ့ဆုံစဉ် သတိပေးခဲ့ဖူးပါတယ်။
ထိုင်ဝမ်အရေးနဲ့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှသည် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေအထိ ပွတ်တိုက်မှုတွေကြောင့် တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ တရုတ်က ရှုမြင်ထားတဲ့ အမေရိကန် အောက်လွှတ်တော် ဉက္ကဌ နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ အကြီးအ ကျယ် ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – The Asahi Shimbun
Ref; Chinese jet came within 10 feet of U.S. military aircraft