ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်(တောင်ပိုင်း)ရှိ ပျူစောထီးရွာဟု နာမည်ကြီးသည့် သရက်ကန်ရွာကို ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြိုင်တောင်ပိုင်း သရက်ကန်ပျူရွာကို လက်နက်ကြီး ၁၅ ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် ၂ ဦး အပြင်အထန်ဒဏ်ရာရှိခဲ့ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ဝင်များကပြောသည်။

“ပျူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသလို ပျူစောထီးအိမ် တစ်အိမ်ပျက်စီးသွားပါတယ်။ လတ်တလော ထိခိုက်မှုရှိတာပဲ သိရပြီး ဒီကောင်တွေဘက်က သေဆုံးမှု ရှိမရှိကိုတော့ ကျွန်တော်တို့စုံစမ်းနေတုန်းပါပဲ” လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် မြိုင်မြို့နယ်၊ ကံနီပျူရွာကို ဒီဇင်ဘာလ ၂၆ ရက် ည ၇ နာရီဝန်းကျင်ကလည်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့နှင့် အခြားနယ်မြေခံမဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး တာဝေးပစ်လက်နက်ကြီး ၁၀ ချက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုများရှိခဲ့ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ဝင်များထံမှ သိရသည်။

#မြိုင် #သရက်ကန် #လက်နက်ကြီး #ပစ်ခတ် #ပျူစောထီး
#Ayeyarwaddy_Times