ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်
နှစ်သစ်ကူး(New year )ကျရောက်မယ့် ဒီဇင်ဘာလ ၃၁ ရက် ညကို ညမထွက်ရအမိန့် ခေတ္တပယ်ဖျက်တယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီက ဒီဇင်ဘာ ၂၉ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။
ရန်ကုန်တိုင်းစစ်ကောင်စီက ဦးဆောင်ပြုလုပ်ဖို့စီစဉ်ထားတဲ့ နှစ်သစ်ကူးပွဲတော်ညပျော်ပွဲရွှင်ပွဲတွေအတွက် New year ည ၁၂ နာရီကနေ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၄ နာရီအထိ အပြင်ထွက်ခွင့်ပြုတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
အဲ့ဒီနေ့ညကို ရန်ကုန်တိုင်းစစ်ကောင်စီကဦးဆောင်ပြီး ပြည်သူ့ရင်ပြင်မှာ နှစ်ကူးပွဲတော် (Count Down Party) ရှိုးပွဲပြုလုပ်မယ်လို့လည်း ဖော်ပြပါတယ်။
လတ်တလောမှာ စစ်ကောင်စီကပြုလုပ်မယ့် ရှိုးပွဲနေရာပြည်သူ့ရင်ပြင်နေရာအနီးတဝိုက်နဲ့ ပြည်လမ်းမပေါ်မှာ စစ်ဆေးမှုတွေတင်းကြပ်နေပြီး လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားတယ်လို့သိရပါတယ်။
”ပြည်သူ့ရင်ပြင်တဝိုက်နဲ့ ပြည်လမ်းမပေါ်မှာလုံခြုံရေးအင်အားတအားချထားတယ်။ စစ်တာဆေးတာတွေလည်း တအားကြီးပိတ်ဆို့စစ်တာမျိုးမဟုတ်ပေမယ့် တင်းကြပ်တယ်။ မနက်ဖြန်နယူးရီးယားနေ့ကျရင် လမ်းတောင် ပိတ်မယ့်အနေအထားမျိုးရှိတယ်” လို့ ပြည်သူ့ရင်ပြင်အနီးနေထိုင်သူရန်ကုန်မြို့ခံအမျိုးသားတစ်ဦးကဧရာဝတီ တိုင်းမ်ကိုပြောပါတယ်။
ဓာတ်ပုံ – Myanmar Tour(ယခင်က ပုံအဟောင်းအား အသုံးပြုထားပါသည်။)
#ရန်ကုန် #Newyear #ရှိုးပွဲ #ညမထွက်ရအမိန့် #ပယ်ဖျက် #Ayeyarwaddy_Times