ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃၀ ရက်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ဖနောင်ပင်မြို့တော်၌ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် အာဆီယံဥက္ကဌတာဝန်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုထံ လွှဲပြောင်း ပေးခဲ့ပါတယ်။ သမ္မတ ဂျိုကိုဝီရဲ့ အာဆီယံဥက္ကဌသက်တမ်းဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်ပြီး အာ ဏာတည်မှာဖြစ်ပါတယ်။

အီလေးဆွဲနေသော မြန်မာ့ပဋိပက္ခကို ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ ကြီးမားသော မျှော်မှန်းချက်တွေ အင်ဒို နီးရှားနိုင်ငံပေါ် ထားရှိလာပါတယ်။ ဘာ့ကြောင့် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့် ကြပါသလဲ? မြန်မာပဋိပက္ခရဲ့ နောက်ခံသမိုင်းကြောင်းအကျဉ်းနဲ့ စတင်လိုက်ကြရအောင်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က မြန်မာစစ်တပ်ဟာ ၁၉၄၈ ခုနှစ်မှာ တိုင်းပြည်က ဗြိတိန်ထံမှ လွတ် လပ်ရေးရရှိပြီးနောက်ပိုင်း တတိယအကြိမ်အဖြစ် အာဏာသိမ်းကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက သောင် ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ရွေးကောက်ခံအမတ်တွေက ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူမယ့်အချိန်မှာ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့တာပါ။

မြန်မာပြည်သူတွေဟာ ယခင် စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်ကို ဆယ်စုနှစ်ငါးခုခန့် ကြုံတွေ့ခဲ့ရသူတွေဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းတာကို သည်း ညည်းမခံနိုင်တော့ပါဘူး။ စစ်တပ်က သူတို့ရဲ့မဲဆန္ဒပေးမှုကို စော်ကားပြီး အစိုးရတစ်ရပ် ရွေးချယ်ပိုင်ခွင့်ကို လုံးဝဉ ဿုံ လျစ်လျူရှုခဲ့တယ်လို့ မြန်မာပြည်သူတွေက ခံစားခဲ့ရပါတယ်။

အလွှာစုံမှ သန်းနဲ့ချီတဲ့ပြည်သူတွေဟာ မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြု လုပ်ခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခဲ့တဲ့ ၅ သန်းခန့်ရှိသော Generation Z လို့ခေါ်တဲ့ လူငယ်တွေက ဆန္ဒပြပွဲတွေကို ဉီးဆောင်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်က လူထုဆန္ဒပြပွဲတွေကို ရက်စက်စွာ ဖြိုခွင်းခဲ့တာကြောင့် ရာနဲ့ချီတဲ့ဆန္ဒပြသူတွေ သေဆုံး ခဲ့ပါတယ်။ မြန်မာပြည်သူတွေက R2P အရ ကုလသမဂ္ဂမှ ကြားဝင်ဆောင်ရွက်ပြီး အကူအညီပေးဖို့ အလိုရှိခဲ့ပါ တယ်။ တရုတ်နဲ့ရုရှားရဲ့ ဗီတိုအာဏာနဲ့ပယ်ချမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ R2P အဆိုပြုဖို့ ကြိုး ပမ်းချက်တွေလည်း မအောင်မြင်ခဲ့ပါဘူး။

လုံခြုံရေးကောင်စီမှာ မတိုးသာမဆုတ်သာအခြေအနေကြောင့် ကုလသမဂ္ဂက မြန်မာ့အရေးကို မြန်မာက အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်နေတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာဆီယံထံ လွှဲပြောင်းခဲ့ပါတယ်။ အာဏာသိမ်းပြီးစမှာ အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံနဲ့ အထူးကိုယ်စားလှယ် အာဝမ်ယူစွပ်က အာဆီယံ ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ထပ် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ပုဂ္ဂိုလ်ရေးအရ မြန်မာစစ်တပ်ကို နားချဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ ဒီနေ့အချိန်ထိ မြန်မာစစ်တပ် အကြီးအကဲ ဟာ သူကိုယ်တိုင် သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို မဖော်ဆောင်ခဲ့ပါဘူး။

အမှန်တစ်ကယ်တော့ လေ့လာသူအများစုဟာ ကမ္ဘောဒီးယားနိုင်ငံကို ၃၇ နှစ်ကြာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသော အာဏာရှင်တစ်ဉီးဖြစ်တဲ့ ဟွန်ဆမ်ထံမှ မြန်မာ့အရေးနဲ့ပတ်သက်လို့ မျှော်လင့်ချက် ကြီးကြီး မားမား မထားရှိခဲ့ပါဘူး။ ဟွန်ဆမ်ဟာ မြန်မာစစ်တပ်အကြီးအကဲနဲ့သာ ထိတွေ့ဆက်ဆံပြီး အတိုက်အခံတွေရဲ့အ သံကို ဘယ်တော့မှ နားမထောင်ခဲ့ပါဘူး။

ဟွန်ဆမ်က မေလ ၆ ရက်မှာ မြန်မာဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှု အကူအညီ အတိုင်ပင်ခံအ စည်းအဝေးကို ပြုလုပ်ကာ စစ်ကောင်စီရဲ့ အဆင့်မြင့်တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြန်မာ့ကျေးလက်ဒေသတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ ၁ ဒသမ ၄ သန်းခန့် အိုးအိမ်စွန့်ခွာစေခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အသံတစ်ဖက်တည်းကိုသာ မှီခိုတဲ့အတွက် အဲဒီအ စည်းအဝေးကို လေ့လာသူတွေက ဝေဖန်ခဲ့ပါတယ်။

လေ့လာသူတွေ ခန့်မှန်းထားတဲ့အတိုင်း အဲဒီအစည်းအဝေးမှာ ဘာရလဒ်မှ မရရှိခဲ့ပါဘူး။ အာဆီယံ အ လှည့်ကျဥက္ကဌသစ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအပေါ် မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘာ့ကြောင့် မျှော်လင့်ချက်တွေ ရှိနေရပါသလဲ?

ပထမဆုံးအချက်က အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ကိုတည်ထောင်တဲ့ အဖွဲ့ဝင်ငါးနိုင်ငံအနက် တစ် နိုင်ငံဖြစ်သလို အရှေ့တောင်အာရှဒေသရဲ့ စီးပွားရေးအင်အားကြီးတိုင်းပြည်တစ်ခုဖြစ်ပြီး အာဆီယံမှာ အား ကောင်းသော ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘောပေါ်မှာ တတိယအကြီးမားဆုံး ဒီမိုကရေစီတိုင်းပြည် ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ပြည်သူတွေက ဆယ်စုနှစ်ချီ စစ်အာဏာရှင်စနစ်အောက်မှာ နေထိုင်ခဲ့ ရတဲ့ မြန်မာပြည်သူတွေကို ကိုယ်ချင်းစာပေးနိုင်ပါတယ်။

တတိယအချက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ထင်ရှားသော ကြားဝင်ဖျန်ဖြေသူဖြစ်ပါတယ်။ စတု တ္ထအချက်နဲ့ အရေးကြီးအချက်ကတော့ အင်ဒိုနီးရှားနိုင်ငံကိုယ်တိုင် တစ်ချိန်က စစ်အာဏာရှင်စနစ်အောက် ကျ ရောက်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံတော်တစ်ခုအဖြစ် အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အခုလို အတွေ့အကြံတွေနဲ့ မဟာဗျူဟာမြောက် အသွင်ကူးပြောင်းနိုင်ခဲ့မှုက သမ္မတ ဂျိုကိုဝီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား အထူးသံတမန်ကို ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်ဖို့ သေချာပေါက် ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိရေးလမ်း မှာ အတားအဆီးများစွာ ရှိနေပါလိမ့်မယ်။

ဒါပေမယ့်လည်း ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်း လွှတ်ပေးဖို့နဲ့ အာဆီ ယံဘုံသဘောတူညီချက်ကို အပြည့်အဝ ဖော်ဆောင်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းတဲ့ မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ကြောင့် အာဆီယံအဖွဲ့ဟာ မြန်မာ့အရေး ဆက် လက်ဖြေရှင်းဖို့ လိုအပ်သောအခွင့်အာဏာကို ရရှိလာပါပြီ။

ဒီဇင်ဘာလ ၂၉ ရက်ထုတ် ဂျကာတာပို့စ်သတင်းစာပါ ဆောင်းပါးရှင် အဗ္ဗဒူဂါဖာဟာမက်ရဲ့ New ASEAN chair Indonesia can change the game in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။ ဆောင်းပါး ရှင်ဟာ မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်တက္ကသိုလ်မှ ဉပဒေပါမောက္ခတစ်ဉီးဖြစ်ပါတယ်။