ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့တော်ရှိ လူစည်ကားရာ ဒိုတွန်ဘိုရီခရိုင်မှာ စနေနေ့ညပိုင်း က ဓားထိုးတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က အသက် ၂၁ နှစ်အရွယ် အမျိုးသားကို လူသတ် မှုသံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အဆိုပါအမျိုးသားက အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားပြီးနောက် ရဲတပ်ဖွဲ့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက အိုဆာကာမြို့တော်မှာ ဖမ်းဆီးမှုကို ပြုလုပ်ခဲ့တာပါ။

ဓားထိုးတိုက်ခိုက်ခံရများမှာ အသက် ၁၇ နှစ်အရွယ် လူငယ်သုံးဉီးနဲ့ နောက်ပိုင်းမှာ သေဆုံးသွား သူတစ်ဉီးတို့ ဖြစ်ပါတယ်။

အဆောက်အအုံတစ်လုံးရဲ့ မြေညီထပ်မှာ ဓားထိုးမှုဖြစ်ပွားနေကြောင်း ည ၁၁ နာရီ ၅၀ မိနစ်မှာ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိခဲ့ပါတယ်။

နာရာစီရင်စု ဒေသခံတစ်ဉီးဟာ ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရမှုကြောင့် ဆေးရုံတစ်ရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ဓားထိုးခံရတဲ့ အိုဆာကာစီရင်စုမှ အခြားသူနှစ်ဉီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဉီးမှာ သတိလစ် နေတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ တိုက်ခိုက်မှုမဖြစ်မီ လူငယ်သုံးဉီးနဲ့ စကားများခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

ကိုးကား – NHK
Ref; Teen killed, two injured in Osaka stabbing, suspect arrested