ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဒီဇင်ဘာလ ၂၉ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂုံမင်းမြောင်ကျေးရွာမှ စစ်ကောင်စီခန့်ရာအိမ်မှူး ၁ ဦးနှင့် လူငယ် ၄ ဦး ဒီဇင် ဘာလ ၂၈ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါ စစ်ကောင်စီခန့်ရာအိမ်မှူး၏နေအိမ်အား စစ်ကောင်စီခန့်တပ်ဖွဲ့ဝင်များက စီးနင်းဝင်ရောက်ရှာဖွေရာ လက်နက်များတွေ့ရှိသည်ဟုဆိုကာ နေအိမ်၌ရှိနေသည့် ရာအိမ်မှူးနှင့် လူငယ် ၄ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟုဆိုသည်။
“လက်နက်တွေနဲ့မိတယ်ဆိုပြီး စစ်ကောင်စီကဖမ်းသွားတဲ့ ရာအိမ်မှူးနဲ့ လူငယ်တွေက PDF အဖွဲ့ဝင်တွေမဟုတ်ဘူး။ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ရင်းနှီးတဲ့လူငယ်တွေဖြစ်တယ်၊ မစ်ရှင်ကိစ္စတွေမှာလည်းမပါဘူး၊သူတို့လာဖမ်းတာကလည်းမိုင်းဆွဲကိစ္စမှသတင်း ပေါက်ပြီး လာဖမ်းတာ၊ အဓိကပါဝင်တဲ့ ရဲဘော်တွေကလွတ်မြောက်သွားပြီ၊ လာဖမ်းတဲ့အချိန်မှာ ခေါင်း ဆောင်ကလည်းလွတ်မြောက်သွားပါပြီ” ဟု သာယာဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် ရာအိမ်မှူးမှာ ဦးသိန်းဇော်ဝင်းဆိုသူ ဖြစ်ပြီး ၄င်း၏နေအိမ်မှ သေနတ် ၂ လက်၊ လက်ပစ် ဗုံးများနှင့်ဆက်စပ်ပစ္စည်းများတွေ့ရှိ၍ ရာအိမ်မှူး၊ နေအိမ်၌ရှိနေသည့်လူငယ် ၄ ဦးကို ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြသည်။
အတိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်မှ ဆက်လက်ဖမ်းဆီးမှုများလုပ်ဆောင်နေကာ လက်ရျိတွင် ရာအိမ်မှူးနှင့်လူငယ် ၄ ဦးအပြင် အခြားဒေသခံ များကိုထပ်မံဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူ စုစု ပေါင်း ၁၀ ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
“လက်နက်တွေနဲ့မိတယ်ဆိုတာလဲမှန်ပါတယ်၊ ဒါပေမဲ့ဒီလူငယ်တွေက ဂဠုန်တပ်ဖွဲ့ရဲ့လုပ်ငန်းစဉ်တွေမှာတော့မပါဝင်ဘူး၊ ရာအိမ်မှူးအိမ်မှာကလည်းလက် နက်တွေခနထားတဲ့သဘောပါဘဲ၊ အဓိကခေါင်း ဆောင်ကလွတ်သွားပါတယ်၊ စစ်ကောင်စီကလဲခေါင်းဆောင်ဘယ်သူလဲဆိုတာသိပါတယ်၊ သူ့ကိုမမိလို့ ၁၇ နှစ်ဘဲရှိသေးတဲ့ယောက်ဖဖြစ်တဲ့ခလေးကိုလဲဖမ်းသွားတယ်” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူမှ ပြောသည်။
ယမန်နေ့ဒီဇင်ဘာလ ၂၈ ရက်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ချစ်မင်းသူအား သာယာဝတီ(ဂဠုန်)တပ်ဖွဲ့၊ အဖွဲ့ ၂ မှရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်မှဖမ်းဆီး စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများကပြောသည်။