ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်

ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် ဝန်ကြီးတွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာစစ်ကောင်စီက ပြန်လည်လွှတ် ပေးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာတော့ ဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအားလုံးနီးပါး ပါဝင်ပေမယ့် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး တစ်ဦးကိုတော့ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ ဦးစိုးဝင်း၊ ဂါ့မိုးမြတ်မြတ်သူနဲ့ နောက် ၃ ယောက်လွတ်တယ်ကြားတယ်၊ ဦးဝင်းဌေးနဲ့ ဦးအောင်ကျော်ခိုင် လည်းလွတ်ပြီ ကျန်တာတွေတော့ မသိရသေးဘူး”လို့ ပါတီနဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အစိုးရအဖွဲ့က ဝန်ကြီးချုပ်အပါဝင် ဝန်ကြီးတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကောင်စီက ဒေါက်တာ လှမြတ်သွေးကို ပုဒ်မတွေ အများကြီးတက်ပြီး တရားစွဲ ဆိုထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်ဟာ ၂၀၁၈ ခုနှစ်ကစလို့ စစ်အာဏာသိမ်းချိန်အထိ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး စစ်အာ ဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားပေမယ့် ပုဒ်မတစုံတရာတပ်ပြီးအရေးယူဆောင် ရွက်တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။

ခုလိုမျိုး ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်တွေအားလုံးနီးပါးကို ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလထဲက စတင်ထိန်းသိမ်းခဲ့ပြီး ခုလိုမျိုး အချိန်မှာ ပြန်လွှတ်ပေးလိုက်တာဟာ ရွေးကောက်ပွဲအတွက် ပြည်သူတွေကို စည်းရုံးဖို့လုပ်တာမျိုး ဖြစ်နိုင်တယ်လို့ နိုင်ငံရေး သမားတွေက သုံးသပ်ပြောဆိုပါတယ်။