ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်

ဧရာဝတီတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဧရာဝတီဒေါင်းတမန် ပြောက်ကျားတပ်ဖွဲ့နဲ့ ကြံခင်းပြောက်ကျားတပ်ဖွဲ့တို့ဟာ မဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့တယ်လို့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ ၂ ဖွဲ့ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မဟာမိတ်အဖြစ် ၂ ဖွဲ့ပူးပေါင်းခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်တာဖြစ်တယ်လို့ ဧရာဝတီဒေါင်းတမန်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

“ မစ်ရှင်တွေတော့ လုပ်သွားဖို့ရှိတယ်၊ ဘယ်လိုမစ်ရှင်တွေဆက်လုပ်ဆောင်မယ်ဆိုတာကိုတော့ လုံခြုံရေးအရ ဖြေကြားလို့မရသေးပါဘူး”လို့ ဧရာဝတီဒေါင်းတမန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူတွေကိုလည်း စစ်အာဏာရှင်ကို တော်လှန်ရေးမှာ သွေးမအေးပဲ တက်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်ပေးဖို့ ပြောချင်တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး ၂ ဖွဲ့ပူးပေါင်းမဟာမိတ်အဖြစ်ဖွဲ့စည်းပြီးြ စစ်အာဏာရှင်ဖြုတ်ချရေးလှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီကို အမြစ်ပြတ်သည့်အထိ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။