ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်

ပင်လယ်ပြင်မှာ တစ်လခန့် မျောပါနေတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၂၃၀ ခန့်ကို အင်ဒိနီးရှားနိုင်ငံက ကယ်ဆယ်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းလွန်၌ ဒီသီတင်းပတ်အတွင်း လှေနှစ်စင်းနဲ့ မျောပါနေတဲ့ ရိုဟင် ဂျာတွေကို တွေ့ရှိခဲ့တာလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အင်ဒိုနီးရှားရေတပ်က ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာအချို့ဟာ မနေ့က အာချေးဘီဆာဒေသက ကယ်ဆယ် ရေးစခန်းတစ်ခုမှာ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာစတင်တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

ရိုဟင်ဂျာအချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေထိုင်ရတာကြောင့် အ ခြားတိုင်းပြည်တွေမှာ ဘဝသစ်ရှာဖွေဖို့ ထွက်ခွာနေကြပါတယ်။

အခုကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှား သို့မဟုတ် မလေးရှားနိုင်ငံသို့ ဉီးတည်သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာလာခဲ့ပေမယ့် စက်လှေအင်ဂျင်ပျက်ကာ ပင်လယ်ပြင်မှာ လွင့်မျောနေခဲ့တာဖြစ် ပါတယ်။

ရှည်လျားသော ခရီးစဉ်အတွင်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရို ဟင်ဂျာတွေကို ကာကွယ်ပေးဖို့ UNHCR က နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုနေပါတယ်။

ဓာတ်ပုံ _ ယခင်ပုံဟောင်းဖြစ်သည်။
ကိုးကား – NHK
Ref; 230 Rohingya Muslims rescued at sea off Indonesia