ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဒီဇင်ဘာလ ၂၉ ရက်
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လောင်းလုံး-ကျောက်နီမော်လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦးကိုပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံPDF ထံကသိရသည်။
ပစ်ခတ်ရှင်းလင်းခံရသူမှာ စစ်ကောင်စီတပ်၏ ကမ်း ရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) လက်အောက် ခံတပ်ရင်းတစ်ခုမှ တပ်ကြပ်ကြီး ပြုံးချို ဆိုသူဖြစ်ပြီး ၄င်းထံမှ စစ်ကောင်စီတပ်ဖွဲ့အခြားအဆင့်စိစစ်ရေးကတ်(ရေး – ၁၀၀)၊ စစ်ဆေးရုံများတွင်ကာကွယ်ဆေးထိုးမှတ်တမ်းနှင့် စစ်အသုံးအဆောင်ဆက်စပ်ပစ္စည်းများနှင့် ငွေကြေးတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်မှာပင် မောင်းမကန်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်၏ နေအိမ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟုဆို သည်။
“သူတို့တွေက ရွာမှာဆို အရမ်းဆိုးတဲ့ ပျူစောထီးတွေပါ။ပျူစောထီးသင်တန်းလည်းတက်ထားကြတယ်။ရွာထဲမှာလည်းပြည်သူတွေကို နင်တို့ကို ငါစစ်တပ်နဲ့ဖမ်းခိုင်းလို့ရတယ်လို့အမြဲခြိမ်းခြောက်တယ်။ ပြီးတော့ PDF တွေကို မကြောက်လို့ ငါပျူစောထီးလုပ်နေတယ်ဟုပြောဆိုထားတဲ့သူ” ဟု LLPDF မှ အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါသည်။
ယင်းတိုက်ခိုက်မှုဖြစ်စဥ်တွင် ပျူစောထီးခေါင်း ဆောင် ဦးစိုးသိန်း(ခ)သက်ရှည် သည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး ၄င်း၏ သမက်ဖြစ်သူ စစ် မှုထမ်းဟောင်း ပျူစောထီး နိုင်ဦး နှင့် သမီးဖြစ်သူ မအေးလဲ့ထွေး(ခ)မီးကန်း တို့မှာ ရရှိသောဒဏ်ရာများ ဖြင့် အရေးပေါ်ဆေးရုံသို့တင်ထားရကြောင်း LLPDF ထံမှသိရသည်။
အဆိုပါတိုက်ခိုက်မှုများမှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့်လုံးဝ( လုံးဝ) မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – LLPDF
#Ayeyarwaddy_Times