ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်
မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်တစ်စင်း တောင်ကိုရီးယားလေပိုင်နက်အတွင်း ကျူးကျော်ဝင် ရောက်မှုက သည်းညည်းခံနိုင်စရာမရှိဘူးလို့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက ပြောကြားလိုက်ပါတယ်။
ရန်စမှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာ မြောက်ကိုရီးယားအစိုးရက နားလည်လာလိမ့် မယ်လို့ သူက သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ လွတ်လပ်မှုအပေါ် ထိပါးတဲ့ အပြုအမူတွေကို ပြစ်ဒဏ်ခတ်ခြင်း၊ လက်တုံ့ပြန် ခြင်းပြုလုပ်မှသာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒရုန်းတွေ ကျူးကျော်ဝင်ရောက်မှုလိုမျိုး ရန်စမှုတွေကို တားဆီးနိုင် မယ်လို့ ယနေ့ နိုင်ငံပိုင် ကာကွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (ADD) သို့သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း သူက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်တွေ၊ အဖျက်စွမ်းအားကြီးမားသော စစ်လက်နက်တွေ ပိုင်ဆိုင်ပေမယ့် ယခုလိုမျိုး ရန်စတဲ့အပြုအမူတွေကို လက်တုံ့ပြန်တဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပေးပို့ဖို့ ကြောက်ရွံ့စရာမလိုဘူးလို့ ယွန်ဆတ်ခ်ယိုက ဆိုပါတယ်။
လေကြောင်းပိုင်နက် ချိုးဖောက်လာတဲ့ လေကြောင်းဆိုင်ရာယာဉ်အားလုံးကို တောင်ကိုရီးယားနိုင်ငံက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စစ်ရေးစွမ်းပကားတွေ တိုးမြှင့်တည်ဆောက်နေချိန်မှာ တောင်ကိုရီးယားစစ် တပ်ကလည်း စစ်ရေးအင်အားမြှင့်တင်ဖို့ သူက ညွှန်ကြားခဲ့ပါတယ်။
ကိုးကား – KBS World
Ref; Yoon: N. Korean Drone Incursion Intolerable, Air Vehicle Response Should Be Reinforced