ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၂၈ ရက်
ချင်းပြည်နယ်၊ မတူပီမြို့အဝင်/အထွက်တွင် ဂိတ်ချထားသော စစ်ကောင်စီတပ်က ယခင် နိုဝင်ဘာလမှ စတင်ပြီး ဖြတ်သွား/ဖြတ်လာပြုသော ပြည်သူလူထုများကို စစ်ဆေးကာ စာရေးကိရိယာပစ္စည်းနှင့် ဆေးဝါးသယ်ဆောင်မှုများကို တွေ့ရှိပါက သိမ်းဆည်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မြို့ထဲအဝင်/အထွက်မှာပါ စစ်ဆေးပြီးဘောပင်တစ်ချောင်း၊ ဗလာစာအုပ် တစ်အုပ်ကအစ သယ်ဆောင်တာ တွေ့လို့ရှိရင် အကုန်သိမ်းတယ်။ ပြီးတော့ ဖျားနာတဲ့အခါသောက်ဖို့ မတူပီမြို့ကနေ ပါရာစီတမောလ်တစ်ကဒ်လေးကအစ သိမ်းဆည်းခံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြို့အဝင်အထွက်တွင် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်က စာရေးကိရိယာပစ္စည်းနှင့် ဆေးဝါးတစ်ချို့သယ်ဆောင်မှုများကို သိမ်းဆည်းသည့်အပြင် သယ်ဆောင်သူများထံ ငွေကြေးတောင်းခံမှုများလည်း ပြုလုပ်နေကြောင်းဒေသခံများထံမှ သိရသည်။
#မတူပီ #မြို့အဝင်အထွက် #စစ်ဆေးရေးဂိတ် #ဖမ်းဆီး #စာရေးကိရိယာ
#Ayeyarwaddy_Times