ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာလ ၂၈ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ချစ်မင်းသူအား ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲအချိန်တွင် သာယာဝတီ(ခရိုင်)ဂဠုန်တပ်ဖွဲ့၊ အဖွဲ့၂ မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထန်းပင်ကုန်းကျေးရွာ၏ ပျူစောထီးခေါင်းဆောင်ချစ်မင်းသူမှာ ရိုးမဝန်းကျင်တွင်တော်လှန်ရေးရဲဘော်များ၏သတင်းကို လာရောက်ထောက်လှမ်းစဉ် ရွာ၏အရှေ့ဘက် အုန်းတောလမ်းမပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

“ထန်းပင်ကုန်းရွာရဲ့ ပျူခေါင်းဆောင်ပါ၊ ရိုးမဝန်း ကျင်ကိုလာပြီး တော်လှန်ရေးရဲဘော်တွေရဲ့သတင်းကိုလာရောက်ထောက်လှမ်းတာ၊ သူရဲ့ရွာကနေပြီး ရဲဘော်တွေကိုလာထောက်လှမ်းနေတုန်း အဲ့ဒီရွာရဲ့အရှေ့ဘက် အုန်းတောလမ်းပေါ်မှာဘဲ သတ်ခံလိုက်ရတာ၊ ခုတော့ရွာဘက်ကို စစ်ကြောင်းတက်လာတယ်ဆိုပြီး သတင်းကြားတယ်” ဟု သာယာဝတီ (ပကဖ) တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပျူခေါင်းဆောင်မှာ သတင်းထောက်လှမ်းရန်လာစဉ်တွင် ၎င်း၏ညီဖြစ်သူနှင့်လာခြင်းဖြစ်ပြီး သာယာဝတီဂဠုန်တပ်ဖွဲ့မှ အပြစ်မရှိသည့် ညီဖြစ်သူအားပစ်ခတ်ခြင်းမပြုဘဲ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင်ချစ်မင်းသူ၏ သိမ်းဆည်းရရှိသည့်ဖုန်းအတွင်းမှ စစ်ကောင်စီထံပေးပို့သတင်း‌ ပေးနေသည့် အချက်အလက်များတွေ့ရှိရပြီး ဖုန်း၊ ပါဝါဘဏ်၊ မှတ်ပုံတင်၊ ငွေ ၆၇၀၀ ကျပ်၊ နာရီ ၁ လုံးနှင့် အခြားစာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

#အုတ်ဖို #ပျူစောထီး #PDF #ပစ်ခတ်ရှင်းလင်း #Ayeyarwaddy_Times