ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံရှိ အိန္ဒိယကျောထောက်နောက်ခံ စီမံကိန်းတွေဟာ အဲဒီနိုင်ငံတွေရဲ့ လက်ရှိ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် စိန်ခေါ်မှုအများအပြား ရင်ဆိုင်ခဲ့ရတယ်လို့ ပြည်ပရေးရာဝန်ကြီးဌာန က လွှတ်တော်ကော်မတီတစ်ခုသို့ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီပေးတဲ့ပမာဏ လျှော့ချခဲ့တယ်လို့ ဘီဂျေပီပါတီမှ လွှတ်တော်အမတ် ပီပီချောင်ဒူရီ ဉက္ကဌအဖြစ်ဆောင်ရွက်တဲ့ လွှတ်တော် ပြည်ပရေးရာ အမြဲတမ်းကော်မတီက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အာဖဂန်နစ္စတန်နဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ ပြည်နယ် ၃၄ ခုမှာ စီမံကိန်း ၅၀၀ ကျော် ပါဝင်ပါတယ်။
“အာဖဂန်နစ္စတန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေကြောင့် စီမံကိန်းတွေ ဖော်ဆောင်ရာမှာ အ နှောင့်အယှက်တွေ ကြုံတွေ့ခဲ့ရပါတယ်” လို့ ဝန်ကြီးဌာနက အစီရင်ခံစာတစ်စောင်အတွင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေပေမယ့် အိန္ဒိယနိုင်ငံက ဒီနှစ် မတ်လအတွင်း သတင်းထုတ် ပြန်မှုနဲ့ စိုက်ပျိုးရေးသုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အင်စတီကျူးရှင်းတစ်ခုကို လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ ဆောင်ရေးစီမံကိန်းရဲ့ ကုန်းလမ်းမကြီးတည်ဆောက်မှု ကြန့်ကြာခဲ့ရတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးအခြေအနေကြောင့် စီမံကိန်းတွေ ဖော်ဆောင်ရာမှာ အခက် အခဲအမျိုးမျိုး ရှိခဲ့တယ်” လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ကိုးကား – NDTV
Ref; Instability in Afghanistan, Myanmar hit Indian projects: Foreign ministry