ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုအလွန် လှေတစ်စင်းပေါ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် သောင်တင်နေပြီး ၂၀ ဉီး ခန့်က ရေငတ်မှု၊ ဆာလောင်မွတ်သိပ်မှုကြောင့် သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ အဖွဲ့နှစ်ဖွဲ့ က ပြောပါတယ်။

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးဖို့ ရိုဟင်ဂျာတွေဟာ အလွန်အန္တရာယ်များတဲ့ လှေတွေ နဲ့ နှစ်စဉ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သွားရောက်ကြသလို အချို့က မလေးရှားနိုင်ငံသို့ရောက်ရှိဖို့ ကြိုး ပမ်းကြပါတယ်။

သောင်တင်နေတဲ့ ရိုဟင်ဂျာတွေတင်ဆောင်လာတဲ့ လှေအနီးကို အိန္ဒိယသင်္ဘောငါးစင်းက ချည်းကပ်ခဲ့ တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

“လှေပေါ်ပါ ရိုဟင်ဂျာ ၂၀ ဉီးထက်မနည်း ရေငတ်မှု၊ ဆာလောင်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ ကျွန် တော်တို့ ခန့်မှန်းပါတယ်” လို့ မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီနေတဲ့ Arakan Project မှ ညွှန်ကြားရေး မှူး ခရစ်လီဝါက ပြောပါတယ်။

ရိုဟင်ဂျာ ၁၀၀ ကျော် ပင်လယ်ပြင်အတွင်း မျောပါနေသည်မှာ သီတင်းနှစ်ပတ်ရှိလာပြီလို့ Asia Pacific Refugee Rights Network ရဲ့ Rohingya Working Group က ပြောပါတယ်။

“အိန္ဒိယသင်္ဘောအချို့က ရိုဟင်ဂျာတွေတင်ဆောင်လာတဲ့ လှေအနီးကို မောင်းနှင်နေပြီဆိုတာကြောင့် သ တင်းတွေကို စောင့်ဆိုင်းနေပါတယ်” လို့ Rohingya Working Group ရဲ့ ဉက္ကဌ လီလီယန်နီဖန်းက ပြောပါတယ်။

မကြာသေးမီက ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ နောက်ထပ်လှေတစ်စင်းကို သီရိလင်္ကာရေ တပ်က ကယ်ဆယ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေပါဝင်တဲ့ အကြမ်းဖက်နှိမ်နင်းမှု ကြောင့် ၂၀၁၈ ခုနှစ်မှာ ရိုဟင်ဂျာ ၇၃၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေနဲ့ ကျေးရွာတွေကို မီးရှို့မှုတွေကို လူ့အခွင့်အရေးအ ဖွဲ့တွေနဲ့ မီဒီယာတွေက မှတ်တမ်းတင်ခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။
ကိုးကား – Manorama
Ref; 100 Rohingya stranded in boat off Andaman coast, more than 16 dead: Activists