ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ် ၊ ရေဇင်းရွာမှ ဒေသခံရွာ သား ၆ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄ ဦးကိုသတ် ဖြတ်ခဲ့ကြောင်းဒေသခံများထံကသိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ရေဇင်းရွာမှ ကိုကျော်တင်၊ ကိုစိန်အောင်၊ ကိုမျိုးနိုင်၊ ကိုသုခ ၊ ကိုနိုင်ဝင်းဆွေ၊ ကိုစိန်မောင်မြင့်တို့ ၆ ဦးဖြစ်ပြီး ၎င်းတို့အနက်မှ ၄ ဦးမှာ သတ်ဖြတ်ခံထားရပြီးသေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ သည်ဟုဆိုသည်။

ရေဇင်းရွာမှ စစ်တပ်သတင်းပေးဆိုသူ ဇင်မျိုးထက် အသတ်ခံရပြီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ရေဇင်း ရွာကိုဝင်ရောက်လာပြီး ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့မနက်ပိုင်း တွင် သတ်ဖြတ်ခံထားရသူ ၄ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်းသိရသည်။

”၂၃ ရက်နေ့ ညက ဒလန်အသတ်ခံရပြီးတော့ ၂၄ ရက်နေ့ညပိုင်းကို စကစတွေဝင်လာပြီး ရွာသား ၆ ယောက်ကို ဖမ်းသွားတယ်။ ညတွင်းချင်းဘဲ ၄ ယောက်ကိုသတ်ပလိုက်တယ်၊ ၂ ယောက်ကိုအခုထိ အစအနမသိရသေးဘူး။ အလောင်းတွေပြန်တွေ့တာက သားကြင်ရွာနဲ့ ရေဇင်းရွာကြားထဲမှာတွေ့တာ။ အဲ့ဒီ ၆ ယောက်ထဲမှာ တချို့ဆို ဖုန်းကိုကောင်းကောင်းမကြည့်တတ်သူတွေတောင်ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ရေဇင်းရွာသားများသတ်ဖြတ်ခံရပြီးနောက် ထပ် မံဖမ်းဆီးသတ်ဖြတ်ခံရမည်ကို ကြောက်လန့်၍ ယမန်နေ့မှစတင်ကာ ရေဇင်းရွာခံများရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံများကပြောသည်။

ဒီဇင်ဘာလ ၂၃ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် အဆိုပါကျေးရွာမှ PDF ရဲဘော် ၂ ဦးကို သေဆုံးစေခဲ့သည့် စစ်တပ်သတင်းပေးဟုဆိုသူ ဇင်မျိုးထက် အား TGYR အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

#ရေဇင်း #ဒေသခံ #၆ ဦး #စစ်ကောင်စီတပ် #ဖမ်းဆီးသတ်ဖြတ် Ayeyarwaddy_Times