ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

အောင်ဆန်းရပ်ကွက်မှာနေထိုင်တဲ့ ဦးလှိုင်ဝင်းလှိုင်၊ ကိုအောင်သက်ထွေး(ခ) ဗလကြီးနဲ့ မြို့မရပ်ကွက်မှာ နေထိုင်တဲ့ ကိုကြည်ဖြိုးလင်းတို့ကို ဖမ်းဝရမ်းထုတ်တဲ့စာတွေ မြို့ထဲမှာလိုက်ကပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့က မြို့မှာမရှိတော့တာ ကြာပါပြီ ဒါကို သူတို့ကို တရားစွဲထားတဲ့ အမှုတွေကို လာဖြေရှင်းဖို့ဆိုပြီး ဝရမ်း လိုက်ကပ်နေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝရမ်းထုတ်ခံရတဲ့သူတွေကို ကျုံပျော်မြို့နယ်တရားရုံးမှာ စစ်ကောင်စီလက်အောက်ခံရဲက တရားစွဲထားတာဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လာရောက်ဖြေရှင်းဖို့ဆိုတဲ့ စာတွေကို မြို့အနှံလိုက်ကပ် နေတာလို့ ဆိုပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ပြီး ဖမ်းဆီးတာတွေ ဧည့်စာရင်းစစ်တာတွေများလာလို့ ဒီဇင်ဘာလ တတိယပတ်ထဲမှာ CDM ကျောင်းဆရာမ တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ။