ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်
ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာလ ၂၆ ရက် နံ နက် ၆ နာရီအထိ တစ်ရက်အတွင်း တရုတ်စစ်လေယာဉ် ၇၁ စင်းနဲ့ စစ်သင်္ဘောခုနှစ်စင်းကို ခြေရာခံခဲ့တယ် လို့ သိရပါတယ်။
ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ် ၄၇ စင်းကို ခြေရာခံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရှန်ယန်း ဂျေ-၁၁ ဂျက်တိုက်လေယာဉ် ၁၂ စင်း၊ ဆူခွိုင်း ဆူး-၃၀ ဂျက်တိုက်လေယာဉ်ခြောက်စင်း၊ ချန်ဒူး ဂျေ-၁၀ ဂျက်တိုက်လေယာဉ် ဆယ်စင်းနဲ့ စီအိတ်ချ်-၄ သူလျှိုလေယာဉ်တစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြား ကြား ခံလိုင်းကို ဖြတ်ကျော်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ရှန်ယန်းဂျေ-၁၆ ဂျက်တိုက်လေယာဉ် ၁၈ စင်းက ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန် အတွင်း ဝင်ရောက်ခဲ့သလို ရှန်ဇီးဝိုင်-၈ လေယာဉ်တစ်စင်း၊ ရှန်ဇီးဝိုင်-၈ ရေငုပ်သင်္ဘောဖျက်တိုက်လေယာဉ်တစ် စင်း၊ ကေဂျေ-၅၀၀ လေယာဉ်တစ်စင်းနဲ့ ကွိကျိုး ဝိုင်ဇက်-၇ ထောက်လှမ်းရေးဒရုန်းတစ်စင်းကလည်း ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန် အနောက်တောင်ဘက်ကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို စောင့်ကြည့်ဖို့ ထိုင်ဝမ်က တိုက်လေ ယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ မြေပြင်အခြေပြုဒုံးကျည်တွေ စေလွှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဒီလအတွင်း ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အနီး စစ်လေယာဉ် ၄၃၈ စင်းနဲ့ စစ်သင်္ဘော ၉၈ စင်း စေလွှတ်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနောက်ပိုင်း တရုတ်နိုင်ငံက ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အ နီး တိုက်လေယာဉ်တွေ ပုံမှန်ဆိုသလို စေလွှတ်ခြင်းအားဖြင့် ရန်စတဲ့နည်းဗျူဟာတွေ တိုးမြှင့်အသုံးပြုခဲ့ပါတယ်။
ကိုးကား – Taiwan News
Ref; Taiwan tracks 71 Chinese military aircraft, 7 naval ships around country