ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၆ ရက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံး ဖြတ်ချက်ကို စင်ကာပူက ကြိုဆိုတယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။ ဗီဗီယန်ခရစ်ရှနန်က ဒီဇင်ဘာလ ၂၃ ရက်က သူ့ရဲ့ ဖေ့ဘုတ်မှာအခုလိုရေးသားခဲ့တာဖြစ်ပါတယ်။
၇၄ နှစ်အတွင်း မြန်မာ့အရေး ပထမဆုံး ဆုံးဖြတ် ချက်က မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေ အဆုံး သတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်း ဆောင်တွေကို တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံအစိုးရ ထံမှ အာဏာသိမ်းယူခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ဆုံးဖြတ်ချက်မဲခွဲရာမှာ ကြားနေမဲ ပေးခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်အပါအဝင် ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်ရေးကို ထောက်ခံတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဗီဗီယန်ခရစ်ရှနန်က မီးမောင်းထိုးပြပါတယ်။
မြန်မာ့အရေး အခြေအနေပိုဆိုးလာတာကို စင်ကာပူက အလွန်အမင်း စိုးရိမ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း တွေကြား တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး ငြိမ်းချမ်းသော အဖြေတစ်ရပ်ရှာဖွေဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အခြား သက်ဆိုင်သူတွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။
လက်နက်မဲ့ပြည်သူတွေအပေါ် လူသေစေနိုင်တဲ့ လက်နက်တွေအသုံးပြု တိုက်ခိုက်တာက လက် သင့်ခံနိုင် စရာမရှိတာကြောင့် စင်ကာပူက ပယ်ချတယ်လို့ သူက ပြောပါတယ်။
သက်ဆိုင်သူအားလုံး တာရှည်ခံသော ငြိမ်းချမ်းသော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ရှာဖွေရာမှာ စေ့စပ် ညှိုနှိုင်းနိုင်ရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့လည်း စင်ကာပူအစိုးရက တောင်းဆိုလိုက်ပါတယ်။
စင်ကာပူက ဇွန်လ ၁၈ ရက်က မြန်မာစစ်ကောင်စီသို့ လက်နက်တင်ပို့မှုပိတ်ပင်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပါတယ်။
ကိုးကား – Mothership
Ref; S’pore welcomes UN Security Council resolution supporting Asean’s 5-Point Consensus on Myanmar