ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်

သမ္မတ ဂျိုးဘိုင်ဒင် ဉပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၄ ရက်မှာ ပြင်းပြင်းထန်ထန် ကန့် ကွက်လိုက်ပါတယ်။

NDAA မှာ စစ်ရေးအသုံးစရိတ် ဒေါ်လာ ၈၅၈ ဘီလီယံနဲ့ ထိုင်ဝမ်အတွက် လုံခြုံရေးအကူအညီနဲ့ စစ်လက် နက်တွေ ဝယ်ယူရာမှာ ဒေါ်လာ ၁၀ ဘီလီယံ ပံ့ပိုးကူညီဖို့ အချက်တွေ ထည့်သွင်းထားပါတယ်။

NDAA မှာ ပါဝင်တဲ့အချက်တွေက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အလွန် ထိခိုက်စေ နိုင်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး အဲဒီကျွန်းစုနိုင်ငံကို ထိန်းချုပ်ဖို့ အင်အားအသုံးပြုဖို့ ဝန်မလေးဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

NDAA မှာ တရုတ်ကုမ္ပဏီတွေထုတ်လုပ်တဲ့ ကွန်ပြူတာချစ်ပြားတွေ အသုံးပြုပြီး ထုတ်ကုန်တွေ အမေရိ ကန်အစိုးရက ဝယ်ယူတာကိုကန့်သတ်သော ပြင်ဆင်ချက်တစ်ရပ်လည်း ပါဝင်ပါတယ်။

NDAA ဟာ တရုတ်နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး တရုတ်ပြည်တွင်းရေးကို စွက်ဖက်ကာ တ ရုတ်နိုင်ငံအတွက် ပြင်းထန်သော နိုင်ငံရေးရန်စမှုတစ်ခုဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကို တိုက်ခိုက်တာဖြစ်ပါ တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကိုးကား – CNA