ဇွဲနိုင်/ဧရာဝတီတိုင်းမ်
ရေဖြူ၊ဒီဇင်ဘာလ ၂၅ ရက်
တနင်္သာရီတိုင်း၊မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ် ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ ရက် နေ့လည် ၁ နာရီ ဝန်းကျင်ခန့်က ကော့သောင်းအကျဥ်းထောင်က ဦးစီးမှူးတစ်ဦးကိုဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရသည်။
PPDF တပ်ဖွဲ့ဝင်များမှ မြိတ်-ထားဝယ် လမ်းမကြီးတစ်နေရာမှာ စစ်ဆေးရေးပြုလုပ်နေချိန်တွင် အကျဥ်းဦးစီးမှူး သီရစိုး သည် ခရီးသည်တင်ယာဥ် တစ်စီးအပေါ်မှာလိုက်ပါလာစဥ် ငွေကျပ် ၁၇ သိန်းအပါအဝင် ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိတာဖြစ်ပြီး ၎င်း ကိုလုံခြုံတဲ့နေရာတွင်ထိန်းသိမ်းထားကြောင်း PDF တပ်ဖွဲ့ ဝင်များထံကသိရသည်။
“ကျနော်တို့ ပူးပေါင်း အဖွဲ့တွေ စစ်ဆေးရေးလုပ်တဲ့ အချိန်မှာ ဖမ်းဆီးရမိခဲ့တာပါ။သူ့ကိုတော့ ညွန်ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးပြီးအရေးယူသွားမှာပါ။ကျန်တဲ့ မသက်ဆိုင်တဲ့သူတွေနဲ့ ကားတွေကိုတော့ လွှတ်ပေးလိုက်ပါတယ် “ဟု မြိတ်ခရိုင်တပ်ရင်း ၁ PPDFရဲ့ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ ဖမ်းဆီးမှုသည် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်တွင် အကျဥ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်းထားကြောင်း မြိတ်ခရိုင်တပ်ရင်း(မြိတ်ခရိုင်တပ်ရင်း(၁) PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။