ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ပြည်လမ်းမပေါ်တွင် ဝါယာလက်နှင့် ဗိုလ်တထောင်ဘုရားကိုပြေးဆွဲသည့် YBS ၄၃ ယာဥ် ၁ စီး ဒီဇင်ဘာလ ၂၅ ရက် ယနေ့ မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသ ခံများထံကသိရသည်။

မင်္ဂလာဒုံ၊ ဝါယာလက်နှင့် ထောက်ကြန့်အကြား ​ပြည်လမ်းမ ဒေဝူးမှတ်တိုင်အနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“ကားပေါ်တော့ ဘယ်သူမှမပါဘူး။ ယာဥ်လိုင်းပြေးဆွဲနေတဲ့အချိန်မဟုတ်တာရော၊ ဒီနေ့ကပိတ်ရက်လည်းဖြစ်လို့တော်သေးတာ။ထောက်ကြန့်ဘက်ကနေ ဂက်စ်ဖြည့်ပြီးပြန်လာတဲ့အချိန်ဖြစ်တာလို့သိရတယ်။ ထိ ခိုက်သူတော့မရှိဘူး”ဟု မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

၄၃ ယာဥ်လိုင်းမှ YBS ယာဥ်တစ်စီး ယနေ့မနက်ပိုင်းက မိုးရွာနေစဥ် အရှိန်မထိန်းနိုင်ဘဲစလစ်ဖြစ်ကာတိမ်းမှောက်ခဲ့ကြောင်းလည်း ယာဥ်လိုင်းနှင့်နီးစပ်သူတချို့ကအတည်ပြုပြောသည်။

#YBS ၄၃ #ယာဥ်တိမ်းမှောက် #မင်္ဂလာဒုံ #AyeyarwaddyTimes