ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက CDM ကျောင်းဆရာမ တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဆရာမဟာ အခြားဒေသကနေ CDM ပြုလုပ်ပြီး ငါးသိုင်းချောင်းမြို့မှာ လာရောက်တိမ်းရှောင်နေတဲ့သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
“ သူက တခြားနေရာကနေ ဒီလာရှောင်နေတာ သတင်းပေးတွေနဲ့ချိတ်ပြီး စစ်တပ်က ဝင်ဖမ်းသွားတာ ခု ရေကြည်ရဲစခန်းကို ပိုလိုက်ပြီ”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခြားဒေသကနေ CDM ပြုလုပ်ပြီး ငါးသိုင်းချောင်းမြို့မှာ လာရောက်တိမ်းရှောင်နေရတဲ့ ကျောင်းဆရာမ ကို စစ်ကောင်စီတပ်သားတွေက သတင်းပေးတွေနဲ့ပေါင်းပြီး ဧည့်စာရင်းစစ်ကာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းဆရာမရဲ့ အမည်၊ ရာထူးနဲ့ မြို့နယ်ကိုတော့ အတည်ကျသိရှိရတာမျိုးတော့ မရှိ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။