ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပျူစောထီးရွာဖြစ်သည့် ပုဏ္ဏားကြီးကျေး ရွာကို ဒီဇင်ဘာလ ၂၄ ရက် ယမန်နေ့မနက် ၈ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်သည်။
ပျူစောထီးအဖွဲ့ဝင်၂၀ ခန့်ရှိသော ပုဏ္ဏားကြီးကျေး ရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၄င်းတို့ကိုင်ဆောင်သည့်သေ နတ် ၃ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း ဗိုလ်လင်း ယုန်အဖွဲ့ခေါင်းဆောင်ကပြော သည်။
” မနေ့မနက်ပိုင်းက ကျနော်တို့ပူးပေါင်းအဖွဲ့တွေ ပုဏ္ဏားကြီးကျေးရွာကို ဝင်ပြီးစီးနင်းတိုက်ခိုက်တာပါ။ တိုက်ပွဲကြာချိန်က နာရီဝက်လောက်ဘဲ၊ ကျနော်တို့ဘက်ကအသာစီးရယူတိုက်ခိုက်နိုင်ခဲ့တယ်။ပျူ ၃ ကောင်သေတယ်။ ပျူတွေကိုင်တဲ့ သေနတ် ၃ လက် ရတယ်” ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်ကဧရာဝတီတိုင်းမ်ကိုပြော သည်။
တိုက်ပွဲအတွင်းအသာစီးရယူတိုက်ခိုက်နိုင်ခဲ့သဖြင့် ပျူစောထီးများဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး နယ် မြေရှင်းလင်းမှုများလုပ်ဆောင်ခဲ့ရာ ပျူစောထီးများထံမှ တူမီး ၂ လက် ၊လက်လုပ် ပွိုင့်တူးတူး ၁- လက် နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး PDFရဲဘော် ၂ ဦး( မစိုးရိမ်ရ )ထိခိုက်ဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုအား ဗိုလ်လင်းယုန်အဖွဲ့နှင့်အတူ Nine PDF တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်လင်းယုန်အဖွဲ့ကထုတ်ပြန်သည်။