ဧရာ၀တီတိုင်မ်း
ဒီဇင်ဘာလ ၂၄ ရက်

ပျူစောထီးရွာလို့ နာမည်ကြီးတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက တောပုကျေးရွာမှာ စစ်ကောင်စီတပ်တွေ အခြေချတပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကယမန်နေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နေ့လည် ၃နာရီခန့်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းမှာ ပျူစောထီးအများစု စုဝေးနေချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ (၆)ဦး သေဆုံးပြီး(၈) ဒဏ်ရာရရှိခဲ့တယ်လို့ GYZ တပ်ဖွဲ့ထံမှ သိရပါတယ်။

“အသေအပျောက်နဲ့ဒဏ်ရာရသူတွေရှိပေမယ့် စစ်ခွေးလား ပျူခွေးလားတော့ ကျနော်တို့သေချာမသိရဘူး။ ၆ ဦးသေပြီး ၈ ဦးဒဏ်ရာရတယ်လို့တော့ ကျနော်တို့ သတင်းရတယ်။ ကျနော်တို့ဒရုန်းနဲ့ချတဲ့ အချိန်မှာ ကျနော်တို့ကို gun နဲ့ရမ်းသမ်းပစ်တယ်။ အ‌‌ေ၀းကနေ ပစ်တာဆိုတော့ ကျနော်တို့က ဘာမှမဖြစ်ခဲ့ဘူး။ ဒဏ်ရာရတဲ့သူတွေကို မုံရွာဆေးရုံကြီးကိုခေါ်သွားတယ်။သေတဲ့သူတွေကိုတော့ တောပုမှာပဲ သ၈ြိုလ်လိုက်တယ်လို့ကြားတယ်။ ဆေးရုံတင်ထားတဲ့ထဲက ထပ်ပြီးတော့သေတဲ့သူတွေလည်းရှိတယ် လို့သတင်းရတယ်။ အဲ့ဒါနဲ့ သူတို့ဒေါသပုန်ထပြီးတော့ မနေ့ညက သူတို့ထင်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့တော့ ရမ်းပစ်တယ်” လို့ GYZတပ်ခွဲ(၁) ဗန္ဓုလနှင့်အဖွဲ့သားများမှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်း ကိုပြောပါတယ်။

တောပုရွာမှ ဒေသခံပျူစောထီးများမှာ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာချိန်တိုင်း လမ်းပြအဖြစ်လိုက်ပါ ပို့ဆောင်လေ့ရှိပြီး ဒေသခံပြည်သူများရဲ့ ငွေကြေးများလုယူခြင်း၊ စားနပ်ရိက္ခာများ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

“အဲ့ဒီမှာပျူတွေအများကြီးရှိတယ်။ စစ်တပ်ကနေပြီး သူတို့ကို သင်တန်းပေးတာတွေရှိတယ်။ လက်နက်တပ်ဆင်ပေးထားတာတွေလည်းရှိတယ်။ တောပုနဲ့ အနီးတဝိုက်မှာ စစ်ကြောင်းထိုးတယ်ဆိုရင် ခွေးတွေက တောပုကို အရင်လာတာ။ တောပုက ရွာခံတွေက လမ်းပြပေးတယ်။ စစ်ကြောင်းထိုးတဲ့ရွာတွေထဲမှာ ပိုက်ဆံရှိရင် ပိုက်ဆံ ရှိတာအကုန်ယူတယ်။ ဆန်တွေဘာတွေ မသယ်နိုင်တဲ့အရာတွေဆိုရင် ဓားတွေနဲ့ဆန်အိတ်တွေဖြဲပြီး မြေကြီးပေါ်သွန်ထားခဲ့တယ်။ အဲ့ဒါကြောင့် ပျူခွေးတွေကို ကျတော်တို့ တိုက်ခိုက်တာပါ”လို့ GYZတပ်ခွဲ(၁) ဗန္ဓုလနှင့်အဖွဲ့သားများမှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်း ကိုပြောပါတယ်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မူတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KUGတပ်ရင်း၊ GYZတပ်မတော်နှင့် GYZတပ်ခွဲ(၁) ဗန္ဓုလနှင့်အဖွဲ့သားများ၊ Democratic Guerrilla Force(DGF)စတဲ့ အဖွဲ့ (၄)ဖွဲ့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း GYZ တပ်ဖွဲ့ထံမှ သိရပါတယ်။

ယခုကဲ့သို့ မစ်ရှင်များဆောင်ရွက်နေချိန်တွင် အပြစ်မဲ့ပြည်သူများ မထိခိုက်စေရန် ၎င်းတို့ထုတ်ပြန်ထားတဲ့ ရက်မှ စ၍ ရက်အကန့်အသက်မရှိ တောပုရွာမှ ထွက်ပေးစေလိုကြောင်း
ရဲဘော်ရာမက သတိပေးပြောဆိုထားပါတယ်။

#တောပု #ပျူစောထီး #ဒရုန်း #ဗုံးကြဲတိုက်ခိုက်
#Ayeyarwaddy_Times