ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

ယူကရိန်းက အမေရိကန်နိုင်ငံမှ စစ်ရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ထပ်မံရရှိမှာဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၄၅ ဘီလီယံတန်ကြေးရှိ အကူအညီကို အမေရိကန်ကွန်ဂရက်က အတည်ပြုမယ်လို့ မျှော်မှန်း ကြောင်း ဝန်ကြီးချုပ် ဒန်နီရှမီဟဲလ်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ HIMARS ဒုံးကျည်အစိတ်အပိုင်း တွေနဲ့ ပက်ထရီးယော့ဒုံးခွင်းစနစ်တွေ ပါဝင်တယ်လို့ ဒန်နီရှမီဟဲလ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက နောက်ထပ်ပေးအပ်မယ့် အကူအညီမှာ စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှု အ ကူအညီတွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ ကိရိယာ ၂၀၀ ကျော် လက်ခံရရှိခဲ့ပြီး ဉရောပသမဂ္ဂကလည်း မီးစက် ၉၀၀ ကျော်ပေးပို့ဖို့ ကတိပြုခဲ့တယ်လို့ ဒန်နီရှမီဟဲလ်က ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေက ဒီနှစ်အတွင်း မီးစက် ၅၀၀၀၀၀ ခန့် ယူကရိန်းသို့ ပို့ဆောင်ခဲ့ပြီး မိတ်ဖက်နိုင်ငံတွေက ယူကရိန်းသို့ မီးစက်ကြီးတွေ ထပ်မံပေးပို့မယ်လို့ သူက ဆိုပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ခ်ဆိုနဲ့ ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ စဉ် ဆက်မပြတ်သော စစ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုအတွက် ကျေးဇူတင်ရှိတယ်လို့ သူက ပြောပါ တယ်။

“စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြန်လည်ပြုပြင်ဖို့ တောင်ကိုရီးယားနိုင်ငံမှ အကူအညီ ပိုမို ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပဋိပက္ခအလွန် ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာ တောင်ကိုရီး ယားကုမ္ပဏီတွေရဲ့ ပါဝင်နိုင်မှုကိုလည်း ဆွေးနွေးခဲ့ပါတယ်” လို့ ဒန်နီရှမီဟဲလ်က ဆိုပါတယ်။

ယူကရိန်းပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အောင်ပွဲအတွက် ကူညီမှုအတွက် တောင်ကိုရီးယားအစိုးရနဲ့ ပြည်သူ တွေကို ကျေးဇူးအထူးတင်ရှိတယ်လို့ သူက ပြောပါတယ်။

ကိုးကား – Anadolu
Ref; Ukraine to receive new US military assistance package worth $2.2 billion