ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက မဇွပ်ယန်ထောင် အကျဉ်းထောင်နားမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက ဒေသပြည်သူကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဆွပ်ယန်ထောင်ကို ဝင်စီးတဲ့ပုံစံမျိုး PDF တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာဘက်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညက ဝင်ပစ်တာ PDF တွေက ဝင်စီးတာ ပစ်ခတ်ကျတာပေါ့ အထိခိုက်အကျဆုံးတော့ အထဲမှာ ဆိုတော့မသိရသေးဘူး ကျနော်တို့ဘက်ကတော့ ထိခိုက်တာမျိုးမရှိဘူး ထောင်ထဲမှာဖြစ်တာ ရွာထဲမှာ တော့မဖြစ်ဘူးလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲက ထောင်ထဲမှာဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ကျဆုံးမှုကို အတည်ကျမပြောနိုင်သေးသလို ကျေးရွာ တွေဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာနား လက်နက်ကြီး ကျည်ဆန် ၂ လုံးကျရောက်ပေါက်ကွဲတာမျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က မနေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ဖားကန့်မြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆန်ခါ ကျေးရွာဘက်ကိုလည်း လက်နက်ကြီးကျရောက်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Ayeyarwaddy_Times