ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်
ကုလသမ္မဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန် မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီလက်အောက်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာထုတ်ပြန် လာပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအပေါ်မှာထိခိုက်သက်ရောက်တာမျိုးမရှိတဲ့ ပြည်တွင်းအရေးဖြစ်ပြီး လုံခြုံရေးကောင် စီအနေနဲ့ အခုလိုဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့တာဟာ ကုလသမ္မဂပဋိညာဉ်စာတမ်းနဲ့ညီညွတ်မှုမရှိဘူးလို့စစ်ကောင်စီကပြောပါတယ်။
ဆုံးဖြတ်ချက်အဆိုမှာဖော်ပြထားတဲ့ အကြမ်းဖက်မှုများရပ်တန့်ဖို့နဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေတွေနဲ့အညီဆောင်ရွက်နေတာဖြစ်ပြီး ၎င်းတို့စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ NUG နဲ့ PDF တွေရဲ့လုပ်ရပ်တွေကိုတားဆီးဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ကအမေရိကန်နိုင်ငံ၊နယူးယောက် မြို့ရှိ ကုလသမ္မဂလုံခြုံရေးကောင်စီမှာ မြန် မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မဲခွဲဆုံးဖြတ်ခဲ့ရာ တရုတ် ၊ရုရှားနဲ့အိန္ဒိယတို့မှ ကြားနေမဲပေးခဲ့ကာကျန်အဖွဲ့ဝင် နိုင်ငံအားလုံးမှထောက်ခံခဲ့သဖြင့် ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်ချက်အဆိုကို လုံခြုံရေးကောင်စီကအတည်ပြုခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုနဲ့ပတ်သက်ပြီး စစ်ကောင်စီက လက်မခံနိုင်ဘဲ မြန်မာနိုင်ငံရဲ့အခြေခံ မူဝါဒရပ်တည်ချက်တွေအတိုင်းရပ်တည်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
#ကုလ #လုံခြုံရေးကောင်စီ #ဆုံဖြတ်ချက် #စစ်ကောင်စီ #ထုတ်ပြန်ချက် #Ayeyarwaddy_Times