ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်
ပြည်တွင်းစီးပွားရေးတိုးတက်ဖို့အတွက် လူတစ်စုရဲ့စီးပွားရေးထက် လူအများရဲ့စီးပွားရေးတိုးတက်ဖို့လိုအပ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၂၃ ရက် မနေ့ကရန်ကုန်မြို့မှာ UMFCCI အသင်းဝင် လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးအခုလိုပြော ဆိုခဲ့တာတွေကို ၄င်းတို့ဝါဒဖြန့်မီဒီယာတွေကနေဖော်ပြပါတယ်။
ဒီမိုကရေစီပထမအစိုးရနဲ့ဒုတိယအစိုးရသက်တမ်းတွေမှာ ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှ သွင်းကုန် တင်သွင်းမှုကိုဦးစားပေးခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေတွေရှိခဲ့ကြောင်း၊ပြည်တွင်းမှထုတ် လုပ်တဲ့ထုတ်ကုန်များ ကို ဦးစားပေးဆောင်ရွက်တာဟာ ပိုပြီးအကျိုးရှိမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်နေတဲ့စီမံ ကိန်းတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရလို့ လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိသေးကြောင်း၊ အဲ့ဒီလိုလုံလောက်မှုမရှိသေးလို့ နေရောင်ခြည်စွမ်းအင်သုံး ၊ လေအားနဲ့ စပါးခွံလောင်စာသုံး (ဂျက်စတီဖိုင်းယား) ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်တာတွေကို ဆောင်ရွက်ကြရမှာဖြစ်ပြီး သူ့အနေနဲ့ကူညီမယ်လို့လည်း စစ်ခေါင်း ဆောင်ကပြောဆိုပါတယ်။