ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်မူကြမ်း ချမှတ်မှု ကို တောင်ကိုရီးယားအစိုးရက ကြိုဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အရေးပေါ်အခြေအနေ သတ်မှတ်ထားမှုနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ဖော်ပြောကြားကာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုလိုက် ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ပထမဆုံးသော ဆုံးဖြတ်ချက် အ တည်ပြုမှုကို ကြိုဆိုတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေတစ်ခုနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိတာ ကို တောင်ကိုရီးယားနိုင်ငံက အားပေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဆိုဆွတ်ခ်က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း တောင်ကိုရီးယားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံး လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းထားတဲ့ ၇၄ နှစ်အတွင်း ပထမဆုံးသော မြန်မာ့ အရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကိုးကား – Yonhap
Ref; S. Korea hails UNSC resolution demanding end of violence in Myanmar