ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ ၂၃၁ တပ်ရင်း တိုက်ခိုက်ခံရမှုမှာ သေဆုံး၊ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရဲဗလတံဆိပ်ပေးအပ်တယ်လို့ ဒီဇင်ဘာလ ၂၂ ရက် မနေ့ကရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ကရင်တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခလရ ၂၃၁ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီး နေဝင်းထွန်း၊ အရာခံဗိုလ် ဇော်လွင် ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေဖြစ်တဲ့ ဒေါ်စန်းစန်းမော်၊ဒေါ်မူမူသင်း၊ ဒေါ်နန်း လှမြင့်တို့သေဆုံးခဲ့ပြီး နောက်တန်းဌာနချုပ်မှူး ဗိုလ်မှူး အောင်ထွန်းလွင်၊ ဒေါ်မော်လီခ တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်တပ်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

တိုက်ပွဲအတွင်းထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့လို့ရဲဗလ ဆုရရှိသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေဟာ ခလရ ၂၃၁ တပ်ရင်းမှ တကက စိန်ကုလား ရဲ့မိန်းမ ဒေါ်စန်းစန်းမော်၊ တသ စိုင်းမင်းကို ရဲ့ဇနီး ဒေါ်မူမူသင်း၊ တက ဝင်းအောင်ရဲ့မိန်းမ ဒေါ်နန်းလှမြင့်၊ တပ်သား ငယ်ထွေးရဲ့မိန်းမ ဒေါ်မော်လီခတို့ဖြစ်တယ်လို့သိရပါတယ်။

”ခလရ ၂၃၁ က သေတဲ့ရဲမေတွေနဲ့ဒဏ်ရာရတဲ့ရဲမေတွေကို ရဲဗလတံဆိပ်ပေးတာ။ သူတို့ယောက်ျားတွေက ရှေ့ တန်းမှာ၊ သူတို့မိန်းမတွေထိတာသေတာတွေဖြစ်တော့ နောက် တန်းပြန်လွှတ်၊မလွှတ်တော့မသိဘူး၊ ခုထိတော့ပြန်ရောက်တယ်မကြားသေးဘူး။ တိုက်ပွဲထဲအတူတူသေတဲ့ တပ်ရေးဗိုလ်ကြီး နေဝင်းထွန်းတော့ ဆုတွေဘာတွေရတာမကြားဘူး” လို့ ဧရာဝတီတိုင်းမ်ရဲ့ ကော့ကရိတ်တပ်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ခလရ ၂၃၁ တပ်ရင်းဟာ ကော့ကရိတ်အခြေစိုက် အမှတ်၁၂စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂ ) လက် အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး စကခ ၁၂ နဲ့လက် အောက်ခံတပ်ရင်းတွေဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ တိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ကာ နောက်တန်းတပ်ရင်းတွေမှာ တပ်ရင်းဌာန ချုပ်ရုံးအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေက လက်နက်ကိုင်ဆောင်တိုက်ခိုက်နေရတယ်လို့တရင် ပြည်နယ်တပ်အသိုင်းအဝိုင်းထံကသိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများတာကြောင့် အဲ့ဒီနေ့မနက်ပိုင်းမှာဘဲ စစ်ကောင် စီတပ်ကတိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနဲ့ လိုက်လံပစ်ပတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီ စစ်ကောင်စီတပ်ရင်းကိုတိုက်ခိုက်မှုအတွင်းမှာ ကရင့်ပူး ပေါင်းအဖွဲ့တွေဘက်ကလည်း PDF ရဲဘော် ၁ ဦးကျဆုံး တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။

ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်ရင်းတွေ၊ရဲစခန်းတွေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးရုံးတွေဟာ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုများပြားနေကာ တိုက်ပွဲအတွင်းပါဝင်တိုက် ခိုက်လာတဲ့စစ်ကောင်စီတပ်သားတွေရဲ့မိန်းမတွေလည်း သေဆုံးမှုတွေရှိလာတာလို့သိရပါတယ်။