ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ပစ်သတ်ခံခဲ့ရကြောင်းဒေ သခံများထံကသိရသည်။

ပစ်သတ်ခံရသူမှာ ငါးန်းဇွန်မြို့နယ် ညောင်လေးပင်ကျေး ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းဆန်းဆိုသူဖြစ်ပြီး ၄င်းမှာ PDF လှုပ်ရှားမှု သတင်းပေးများကို စစ်ကောင်စီထံပေးပို့နေပြီး PDF ဘက်မှ ထောင်ထားသည့် မိုင်းများကိုပါ ရှာဖွေဖော်ဆောင်ပေးလျက်ရှိသောကြောင့် ကျည်ဆံနှစ်တောင့်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု TGYR ခေါင်းဆောင်ကပြောသည်။

“သူကြောင့်ဒုက္ခရောက်တဲ့ သူတွေလည်းများတယ်။ မိသားစုဝင် အတော်များများလည်း ဒုက္ခရောက်နေကြတယ်သူကြောင့်။ ဖမ်းခံရတဲ့မိသားစုဝင်တွေလည်းရှိတယ်။ တမင်ဖမ်းပြီး ငွေတောင်းတယ်ပြီးရင် စစ်ကောင်စီနဲ့ပေါင်းပြီး ပိုက်ဆံတောင်းပြီးပြန်လွှတ် တယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ မိုင်း ၅ လုံးအပါ အဝင်မိုင်းတွေ အလုံး ၃၀ လောက်ဆုံးရှုံးခဲ့တယ် သူ့ကြောင့် သူ့ပထွေးတွေကို ဖော်ပေးတာ သူက”ဟု TGYR Youth Guerilla Counter Revolution (LPDF)အဖွဲ့ခေါင်းဆောင် ကိုCEO မှဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှဆက်လက်ပြီး “ခုမင်းဆန်းဆိုသူနဲ့ ဟိုတစ်ခါရှင်းခဲ့တဲ့ ဟန်ဝင်းဆိုတဲ့သူက တစ်ဖွဲ့တည်းပေါ့။ အခွင့်မသာလို့ သူ့ကိုလက်လွတ်သွားရတာ။ ခုမှထပ်ပြီး ရှင်းလင်းခဲ့တာပါ။ သူ့ဆီက လက်ပစ်ဗုံးတစ်လုံးရယ်၊ ချဲဘောင်ချာတစ်ရွက်ရယ်၊ သူ့မယားငယ်ကပေးထား တဲ့ ရည်းစားစာအထပ်လိုက်တွေရယ် သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးကို TGYR အဖွဲ့မှ မစ်ရှင်ဖော်ဆောင်ခဲ့ပြီး မဟာမိတ်အဖွဲ့များအနေဖြင့် Black Hero Guerilla Force နှင့် မာန်စွယ်ကျားပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#ငါန်းဇွန် #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ရှင်းလင်းခံရ #AyeyarwaddyTimes