ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူမှုမရှိဘဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းချမှတ်မှုက ထိရောက်မှုရှိမှာမဟုတ်ဖူးလို့ ကုလသမဂ္ဂကခန့်အပ်တဲ့ လူ့အခွင့်အ ရေး ကျွမ်းကျင်သူတစ်ဉီးက သတိပေးလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲအတည်ပြုခဲ့ပေမယ့် လုံ လောက်မှုမရှိသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ဝန်ခံ လိုက်ပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အခန်း ၇ လုပ်ပိုင်ခွင့်အာဏာကို အသုံးမပြုဘဲ အရေးယူမှုတွေပြုလုပ် တာဟာ စစ်ကောင်စီရဲ့ အရပ်သားတွေကို တိုက်ခိုက်တာ၊ ပြည်သူ ၅၄ သန်းရဲ့ အသက်အိုးအိမ်ကို ဖျက်ဆီးတာကို တားဆီးနိုင်မှာ မဟုတ်ပါဘူး” လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် နေ့စဉ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမ ဆန်သော ရာဇဝတ်မှုမြောက်တဲ့ ဆိုးရွားသော စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြင်းထန်သော အရေးယူမှု လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ယူအေအီး၊ အမေရိကန်၊ အိုက်စလန်၊ မက္ကဆီကိုတို့ရဲ့ ဆုံးဖြတ်ချက်မူကြမ်းစာသားတွေက ဒီထက်ပိုပြီး အားကောင်းသင့်တယ်ဆိုတာကို သဘောတူ တယ်လို့ သောမတ်အန်ဒရူးက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ နိုင်ငံတကာရဲ့ အရေးယူမှုမရှိတာ မဖြစ် သင့်ဘူးလို့ သူက ဆိုပါတယ်။
“မြန်မာပြည်သူတွေ အလိုအပ်ဆုံး အရေးယူမှု လုပ်ဆောင်ခြင်းအားဖြင့် ပြည်သူတွေနဲ့အတူ ရပ်တည်လို တဲ့ဆန္ဒရှိတဲ့ နိုင်ငံတွေနဲ့ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းရမယ့် အချိန်ကျရောက်ပြီဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့နဲ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဉီးဝင်းမြင့် အပါအဝင် တစ် ဖက်သတ် ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်မူကြမ်း မဲခွဲအတည်ပြုမှုမှာ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကြားနေမဲပေးခဲ့ပါတယ်။
ကိုးကား – ANI
Ref; UN expert on Myanmar says UNSC resolution not strong enough on ‘gross rights violations’