ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်
စစ်ကောင်စီက အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) ဖြင့် ဖမ်းဆီးထားသည့် Sexy Model သင်ဇာဝင့်ကျော်ကို အင်းစိန်ထောင်တွင်းတရားရုံးက ယနေ့ ဒီဇင်ဘာလ (၂၃) ရ က်တွင် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း တရားရေးဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ဒီနေ့မှာ သင်ဇာဝင့်ကျော်ကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာပါ။ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က)နဲ့ပါ” ဟု တရားရေးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
Sexy Model သင်ဇာဝင့်ကျော်မှာ သြဂုတ်လအတွင်းက မော်ဒယ်နန်းမွေ့စံနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်နောက် ၄ လအကြာတွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
Sexy Model နန်းမွေ့စံကိုမူ စက်တင်ဘာလအတွင်းကပင် စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။