ဧရာဝတီတိုင်းမ်
(ရိဒ်)၊ ဒီဇင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည််နယ်၊ ရိဒ်မြို့အကြားပြေးဆွဲနေသော ကုန်တင်ယာဉ်များနှင့် ခရီးသည်ယာဉ်လိုင်းများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ညဘက်တွင် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုများကြောင့် ပြည်သူများဘေးကင်းလုံခြုံရေးအတွက် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု Mountain Eagle Defence Force(MEDF)က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ယခုလို ထုတ်ပြန်ထားခြင်းသည် ကျေးရွာလုံခြုံရေးအတွက်သာ မဟုတ်ဘဲ ခရီးသည်များ၏ လုံခြုံရေးအတွက်လည်း ပါဝင်ကြောင်း ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်များနေထိုင်သော ရိဒ်စခန်းမှ ဟိုင်မွါလ်ရွာသစ်အတွင်း ပြည်သူသွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ယခုလိုထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နာရေးနှင့် ကျန်းမာရေးအခြေအနေကြောင့် ကလေးမြို့နှင့် ရိဒ်မြို့အကြားအရေးပေါ်ဖြတ်သန်းလိုပါက Mountain Eagle Defence Force(MEDF)ကို အချိန်မရွေးဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

#ကလေး #ရိဒ် #ဖြတ်သန်းသွားလာခွင့် #MEDF
#Ayeyarwaddy_Times