ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က နာရေးတင်ကား အလောင်းတင်နေချိန် ခရီးသည်တင် မှန်လုံကားက နောက်ကဝင်တိုက်တာခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေတ္တာစမ်းရေးလူမှုကူညီရေးအဖွဲ့ရဲ့ နာရေးတင်ကားကို မင်းကုန်းကြီးကျေးရွာက နာရေးသွားတင်ချိန်မှာ ပုသိမ် – ချောင်းသာကားပြေးဆွဲတဲ့ ဇွဲ မှန်လုံကားက နောက်ကဝင်တိုက်ခဲ့တာကြောင့် ကားနောက်ပိုင်းနဲ့ အလောင်းထည့်တဲ့ အအေးခေါင်သေတ္တာပျက်စီးခဲ့တယ်လို့ ဒေသခံပရဟိတအသင်းတွေက ပြောပါတယ်။

ဖြစ်တာက တစ်ပတ်လောက်ရှိပြီ လာတော့ မပြင်ပေးသေးဘူးလို့ သိရတယ် နာရေးကားက နာရေးဖြစ်တဲ့ အိမ်ကနေ အလောင်းထည့်တဲ့ သေတ္တာကို ထုတ်လာပြီးတင်ချိန်မှ နောက်ကဝင်တိုက်တာပြောတယ် ကား နောက်ပိုင်းနဲ့ အအေးခေါင်းပျက်စီးသွားတယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလောင်းအား နာရေးကားပေါ်တင်နေချိန် ခရီးသည်တင်ကားက ဝင်ရောက်တိုက်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ နာရေးလိုက်ပို့သူ အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဝယ်ထားတဲ့ နာရေးတင်ကားနဲ့ အအေးခေါင်းကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဘူးလို့လည်း မေတ္တာစမ်းရေလူမှု့ကူညီအရေးအဖွဲ့(ပုသိမ်)က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
#Ayeyarwaddy_Times