ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်း အတည်ပြုလိုက်တာ ကို အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။

အကြမ်းဖက်မှုတွေ ဖြေရှင်းဖို့နဲ့ မြန်မာစစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် နှိပ်ကွက်မှုတွေ၊ အကြမ်းဖက် မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာ နာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့၊ လူနည်းစုတွေကို ကာကွယ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ဒီမိုကရေစီ မျှော်မှန်း ချက်ကို လေးစားသမှုရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ သတင်းစကားတစ်ရပ်လည်း ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်း ချမှတ်တာကို ဂုဏ်ပြုပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လုပ်ဆောင်စရာ တွေ များစွာ ရှိနေပါသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့၊ စစ်ကောင်စီရဲ့လုပ်ရပ်တွေအတွက် တာ ဝန်ခံဖို့နဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုအောင်မြင်ရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို အားပေးဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဒီအခွင့်အလမ်းကို အသုံးချသင့်တယ်လို့ ဘလင်ကန်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အကျပ်အတည်းဖြေရှင်းမယ့် ငြိမ်းချမ်းသော ပြန်လည် သင့်မြတ်ရေး နည်းလမ်းတစ်ရပ်ရှာဖွေဖို့ အာဆီယံအပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာမိတ်ဖက်တွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထားတယ်လို့ ဘလင်ကန်က ဆိုပါတယ်။

ကိုးကား – www.state.gov
Ref; UN Security Council Adopts Resolution on Burma