ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ် မြေ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် မနက် ၉ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ များနှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲများပြင်းထန်ခဲ့ကြောင်းဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ရှိစစ် ကြောင်းနှင့် ယမန်နေ့မနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ တစ် နေကုန်နီးပါးကြာပြင်းထန်ခဲ့သည့် တိုက် ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းဗုံးအလုံး ၂၀ ခန့်အပါအဝင် ၄၀ မမ ၊ လက်နက်ငယ်များဖြင့်ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၁၂၀ မမ အပါအဝင်လက်နက်ကြီးများဖြင့် အများအပြားပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်း ထန်ခဲ့ကြောင်း မြေပြင်တော် လှန်ရေး သတင်းရင်း မြစ်တစ်ဦးကပြောသည်။
”မနေ့ မနက် အာရှလမ်း ကော့နွဲ့ရွာထဲကို ဝင်လာတဲ့ ၂၁၅ တပ်နဲ့ တနေကုန်နီးပါး တိုက်ပွဲအပြင်းအထန်ဖြစ်ပါတယ် ။ ကျနော်တို့ဘက်က ဒရုန်းဗုံးအလုံး ၂၀ လောက်နဲ့သူတို့စစ်ကြောင်းတည့်တည့်ကိုကြဲချနိုင်ခဲ့တယ်။ ဒရုန်းနဲ့ကြဲရင်းကနေ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ပစ်တော့ ဒီကောင်တွေထိခိုက်မှုများတယ်။ သူတို့ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီးပစ်တာ အဆက်မပြတ်ပစ်တာ” ဟု KNLA တပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။
တိုက်ပွဲအတွင်း ကရင်ပြည်နယ်အတွင်းထပ်မံအင် အားဖြည့်တင်းထားသော စစ်ကောင်စီတပ်၏ တပ်မ ၁၁ လက်အောက်ခံ လှည်းကူး၊ရဲမွန်တပ်မြို့အခြေ စိုက် ခမရ ၂၁၅ မှ တပ်ခွဲမှူး ဗိုလ်ကြီး အောင်သူဝင်း အပါအဝင် ၁၀ ဦးထက်မနည်းထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့ကို ကော့ကရိတ်မြို့ရှိအမှတ် ၅စစ်မြေပြင်ဆေး တပ်ခွဲအတွင်းပို့ဆောင်ကုသနေရကာ ဒဏ်ရာပြင်း ထန်သူ တချို့မှာသေဆုံးနိုင်ဖွယ်ရှိသည်ဟု ကော့ကရိတ်တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
”မနေ့ကကော့နွဲ့ရွာတိုက်ပွဲမှာ ခမရ ၂၁၅ က တပ်ခွဲမှူး ဗိုလ်ကြီး အောင်သူဝင်း ထိတယ်၊ နောက် အကြပ်တွေ တပ်သားတွေစုစုပေါင်း ၁၀ ယောက်ကကျော်တယ်။ ဒရုန်းဗုံးအစထိမှန်တာတွေ၊လက်နက်ငယ်ထိတဲ့ ဒဏ်ရာ တွေနဲ့ ကော့ကရိတ် စကခ ၁၂ နားက မဆရ ၅ ဆေးတပ်ခွဲထဲကို ပို့ပြီးကုနေရတာ ။ တချို့ ဒဏ်ရာပြင်းတဲ့သူတွေတော့သေလောက်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍စစ်ကောင်စီတပ်ဘက်မှ ကော့နွဲ့ကျေးရွာအနီး တိုက်ခိုက်လာသဖြင့် KNLA ၊ PDF ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ် ကြောင်း၊ ဖက်ဒရယ်ဝင်း စသည့် ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့် ၁ ဦးအပါအဝင်အများအပြားသေဆုံးကာ PDF ဒေါနစစ်ကြောင်းမှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာမစိုးရိမ်ရ ရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Federal Wings
#ကော့ကရိတ် #အာရှလမ်း #တိုက်ပွဲသတင်း #PDF #KNLA #Ayeyarwaddy_Times