ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၃ ရက်

အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုပြီး စိတ်ရှည်သည်းခံဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ အမြဲ သတိထားပြီး ဆောင် ရွက်ရမယ်လို့ တရုတ်သံတမန်တစ်ဉီးက ပြောကြား လိုက်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိတာကြောင့် တရုတ်နိုင်ငံက ကြားနေမဲပေးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျောင်ဂျန်က ပြောပါတယ်။

လက်ရှိအခြေအနေတွေအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ဆုံးဖြတ်ချက် ချမှတ်ရမယ့်အစား ကြေညာချက်တစ်ရပ်သာ ထုတ်ပြန်သင့်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ကြောင်း ကျောင်ဂျန်က ဆိုပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြဲ သတိထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာက မြန်မာ့အရေးကို အခြေအနေ ပိုဆိုးလာစေပါလိမ့်မယ်။ လစ်ဗျားလိုမျိုး ထိရှလွယ်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ ခက်ခဲတဲ့သင်ခန်းစာတွေကို ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီက သင်ယူခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာ့အရေးကို မြန်မြန်ဆန်ဆန် ဖြေရှင်းလို့မရဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စေ အမျိုးသား ပြန် လည်သင့်မြတ်ရေးဖြစ်စေ အချိန်၊ စိတ်ရှည်သည်းခံမှုနဲ့ လက်တွေ့ဝါဒမရှိရင် မအောင်မြင်ဘူးလို့ ကျောင်ဂျန်က ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ ပိုင်နက်နယ် မြေ နဲ့ စည်းလုံးညီညွတ်မှုကို လေးစားသမှုထားကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို မြှင့်တင်ဖို့ လိုက်နာသင့်ပြီး သက် ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေစေဖို့ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သင့်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကအာဆီယံအဖွဲ့ရဲ့ အမြင် တွေ၊ ပံ့ပိုးမှု၊ စည်းလုံးညီညွတ်မှုနဲ့ ခေါင်းဆောင်မှုကို နားထောင်သင့်ကာ ဘုံသဘောတူညီချက် တည် ဆောက်ဖို့ အာဆီယံကို အချိန်ပေးသင့်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှု ရရှိကာ ပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုရှိ စွာ နေထိုင်ရလိမ့်မယ်လို့ တရုတ်နိုင်ငံက ရိုးသားစွာ မျှော်လင့်တယ်လို့ ကျောင်ဂျန်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုင်ငံရေးအဖြေရှာကာ မြန်မာပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားတွေ နဲ့ ဒေသတွင်း သာယာဝပြောရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ဖို့ ပိုမို အလေးထားမယ်လို့ တရုတ်နိုင်ငံ က မျှော်လင့်ပါကြောင်း သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; UN Security Council must act with caution on Myanmar: Chinese Envoy